EPISODE · Jun 15, 2026 · 3 MIN
How you love yourself is the same as teaching others how to love you.
from ဒီနေ့အတွက်စကား · host Padamyar FM
ကိုယ့်ကိုယ်ကို တန်ဖိုးရှိအောင် နေပါ။ ကိုယ့်ကိုယ်ကိုသေသေချာချာ ချစ်တတ်အောင် သင်ယူပါ ဆိုတဲ့ စကားတွေက အလကား မဟုတ်ပါဘူး။ လူတွေက တန်ဖိုးရှိတဲ့ပစ္စည်းဆိုရင် ပိုလိုချင်ကြတယ်။ တန်ဖိုးရှိတဲ့ ပစ္စည်းတွေဆိုရင် သေသေချာချာ တယုတယသုံးတယ်။ ထားတယ်။ စောင့်ရှောက်တယ်။ အစွန်းအထင်းအပွန်းအပဲ့ မခံချင်ဘူး။ အခြားလူလဲ လာထိလို့ မရဘူး။ တသသနဲ့။ တန်ဖိုးမရှိတဲ့အရာတွေဆိုရင်တော့ ဟိုနားထား၊ ဒီနားထား၊ ဖုန်တတ် ချင်တတ်၊ လွတ်ကျ ချင်ကျပါပဲ။ အရာရာကို တကယ်တန်ဖိုးသိတဲ့ သူကပဲ တန်ဖိုးထားတတ်တာပါ စိန်အကြောင်း၊ ကျောက်အကြောင်း နားမလည်တဲ့သူရှေ့မှာ ဒါကြီးက ဘယ်လောက် တန်ဖိုး ရှိပါတယ်လို့ သွားပြောနေလဲ သူ Level နဲ့ သူ နားလည်မှာ မဟုတ်ပါဘူး။ ဒီတော့ လူတွေမှာလဲအဲ့ဒီလိုပါပဲ။ အရင်ဆုံး ကိုယ့်ကိုယ်ကို တန်ဖိုးရှိအောင်နေတတ်ဖို့ရယ် ကိုယ့်တန်ဖိုးကို နားလည်တဲ့ လူတွေ အနားမှာရှိနေဖို့ရယ်က အရေးကြီးပါတယ်။ ကိုယ့်တန်ဖိုး မသိတဲ့ လူတွေကို ဘာတွေပဲ ကိုယ်ကလုပ်ပေးနေ လုပ်ပေးနေ သူတို့က တန်ဖိုးသိမှာ မဟုတ် လို့ပါပဲ။
Embed this episode
NOW PLAYING
How you love yourself is the same as teaching others how to love you.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.