If Something Bad Comes In, Face It. Love Yourself Always.                                                                          episode artwork

EPISODE · Sep 2, 2025 · 3 MIN

If Something Bad Comes In, Face It. Love Yourself Always.

from ဒီနေ့အတွက်စကား · host Padamyar FM

စိတ်ဓါတ်ကျနေပြီလား။ လူတိုင်းကကိုယ့်အခက်အခဲနဲ့ကို ကိုယ့်အပူနဲ့ကိုဖြစ်နေကြတာပဲဖြစ်ပါတယ်။ အဲ့အချိန်မှာ အဆိုးတွေ ဆိုတာ ကဝင်ပြီဟေ့ဆိုရင် အစုလိုက်အပြုံလိုက်ဝင်တတ်ကြတာပါ။အဲ့အချိန်မှာ ဘယ်သူမဆို ဘာလို့ငါမှလဲ ဘာလို့ငါကြမှ ဒီလိုတွေ ဖြစ်ရ တာလဲဆိုပြီး အပြစ်တွေတင်တတ်ကြတာပဲ။စိတ်ဓာတ်တွေကျပြီး လုပ်မိလုပ်ရာတွေလုပ်မိကြတဲ့အခါ မဖြစ်သင့် တာတွေ သွေးပူပြီး လုပ်ပြီးမှနောင်တရတာတွေမဖြစ်ရလေအောင် ဘာတွေလုပ်သင့်တယ်လို့ ထင်ပါသလဲ။      ကိုယ့်ကိုကိုယ်အရမ်းကျရှုံးနေပြီလို့ခံစားနေရပြီဆိုရင် ဘာလို့လဲဆိုပြီးမေးခွန်းတွေသွားမထုတ်ပါနဲ့။ အဲ့ချိန်မှာ စိတ်ဓာတ်တွေ ကျနေ တာဖြစ်လို့ကိုယ့်ကိုကိုယ်ပဲအပြစ်တွေတင်နေမိမှာပါ။အဲ့အချိန်မှာကိုယ့်အတွက်ဘာထပ်လုပ်ရင်ကောင်းမလဲဆိုတာကိုဦးစားပေးပြီးစဉ်းစားပါ။ကိုယ့်အတွက်စိတ်အားထက်သန်မှုကိုဖြစ်စေမယ့်အရာကိုစဉ်းစားပါ။ပြီးမှစိတ်ကအစဉ်ပြေသွားပြီဆိုရင် ကိုယ်ဘာတွေမှား နေလဲဆိုတာပြန်စဉ်းစားပါ။အများအားဖြင့်ကလူတိုင်းက ကိုယ်ဘာတွေမှားနေလဲဆိုတာအရင်ဆုံးစဉ်းစားပြီး ကိုယ့်အမှားတွေ အတွက်ကိုယ်နောင်တရ အပြစ်တွေတင်တတ်ပြီး ဘာဆက်လုပ်ရမလဲဆိုတာကို ဆက်မစဉ်းစားနိုင်ကြ တော့ပါဘူး။ အဲ့ဒီအခါကြ စိတ်ဓါတ်ကျပြီးရင်းကျပြီးငါတော်တော်အသုံးမကျတာဘဲဆိုပြီးအပြစ်တွေတင်နဲ့သံသရာကလည်နေမှာပါ။    

Episode metadata supplied by the publisher feed · Published Sep 2, 2025

Embed this episode

NOW PLAYING

If Something Bad Comes In, Face It. Love Yourself Always.

0:00 3:00

No transcript for this episode yet

We transcribe on demand. Request one and we'll notify you when it's ready — usually under 10 minutes.

No similar episodes found.

No similar podcasts found.

Frequently Asked Questions

How long is this episode of ဒီနေ့အတွက်စကား?

This episode is 3 minutes long.

When was this ဒီနေ့အတွက်စကား episode published?

This episode was published on September 2, 2025.

Can I download this ဒီနေ့အတွက်စကား episode?

Yes. Use the download control on the episode player to save the publisher-provided media file.
URL copied to clipboard!