EPISODE · Oct 12, 2025 · 3 MIN
If There Are Bad Habits, Prepare As Necessary.
from ဒီနေ့အတွက်စကား · host Padamyar FM
ကိုယ့်မှာရှိတဲ့ မကောင်းတဲ့အမူအကျင့်တွေကိုသိပါသလား။ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပြောင်းလဲနိုင်မယ်လို့ ထင်ပါ သလား။ကောင်းမွန်တဲ့ အမူအကျင့်ကောင်းတွေ ပိုင်ဆိုင်ချင်ပါသလား။ လူတစ်ယောက်ရဲ့အမူအကျင့်တွေဆိုတာဟာ နှစ်ပေါင်းများစွာ အချိန်ယူဖြစ်တည်လာတဲ့အရာတွေဖြစ်ပါတယ်။တစ်မျိုးအမူအကျင့်တွေက လူကောင်းတစ်ယောက် ဖြစ်စေနိုင်ပြီး တစ်ချို့တွေက တော့မကောင်းတဲ့လူတစ်ယောက်လို ဖြစ်လာစေနိုင်ပါတယ်။ အဆိုးမြင်စိတ်များတယ်ဆိုတာ ဘယ်ကိစ္စကိုပဲဖြစ်ဖြစ် မကောင်းတာတွေ၊ အဆိုးတွေပဲမြင်တတ်တာကို ဆိုလိုပါတယ်။ ကိုယ့် အနေနဲ့အဆိုးမြင်စိတ်များသူတစ်ယောက်မဖြစ်ချင်ဘူးဆိုရင် အရာရာတိုင်းကို အကောင်းဖက်နေအပြုသဘောဆောင်ပြီး မြင်တတ် အောင် လေ့ကျင့်သင့်ပါတယ်။ သင့်ပတ်ဝန်းကျင်မှာထိတွေ့ဆက်ဆံနေရသူတွေကလည်း အကောင်းမြင်စိတ်များသူ တွေ ဖြစ်နေဖို့ လိုပါတယ်။အကောင်းမြင်စိတ်မွေးပါ။ ဖြစ်နိုင်ချေတွေကို အာရုံစိုက်ပါ။
Embed this episode
NOW PLAYING
If There Are Bad Habits, Prepare As Necessary.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.