EPISODE · Sep 29, 2025 · 3 MIN
If you don't dare to sacrifice now, you often have to pay more. You need to believe in the ability to fly.
from ဒီနေ့အတွက်စကား · host Padamyar FM
အခုအနစ်နာမခံရဲရင် တစ်ချိန်ပိုပေးဆပ်ရတတ်တယ်။ အခုချိန်မှာခက်မှာကြောက်ပြီး အချိန်ဆွဲနေတဲ့ အလုပ်တွေက နောက် ပိုခက်လာဖို့ပဲ ရှိတယ်။ အလေ့အကျင့်ဆိုးတွေအချိန်မီမဖျက်တဲ့အခါ အမြစ်တွယ်သွားတတ်တယ်။ အဆိပ်အတောက်ဖြစ်တဲ့ ဆက်ဆံရေးတွေကမရုန်းထွက်တဲ့အခါ ပြင်မရအောင် ဆုတ်ယုတ်သွားတတ်တယ်။နေ့စဉ် သမိုင်းပေးတာဝန်မကျေပွန်တဲ့အခါ အချိန်လွန်မှ ဒုက္ခများစွာနဲ့ တိုးတက်မှုအကြွေး ပြန်ဆပ်ရတတ်တယ်။ အလုပ်တစ်ခုကို တစ်နေ့လုပ်မယ်လို့ ကိုယ့်ကိုယ်ကိုပြန်လိမ်နေတာ အခုချိန်မှာ နေလို့ကောင်းတယ်။ ဒါပေမယ့် အချိန်စေ့ရင် ကံကြမ္မာကကိုယ်ပျက်ကွက်ခဲ့သမျှအတွက် အတိုးချပြီး ထိုးနှက်လိမ့်မယ်။ အခု အနစ်နာမခံခဲ့တဲ့အတွက်တစ်နေ့ ဒီထက်ပို ပေးဆပ်ဖို့ လောကဓံက တောင်းဆိုလာလိမ့်မယ်။ဒါကြောင့် မကောင်းတဲ့အကျင့်တွေရှိရင် အပင်ငယ်တုန်းမှာ နှုတ်ပစ်၊ ပျော့ညံ့ တဲ့သူ မဖြစ်ခင် Comfort Zone က ရုန်းထွက်ဖို့လိုတယ်။
Embed this episode
Ready to play
If you don't dare to sacrifice now, you often have to pay more. You need to believe in the ability to fly.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.