EPISODE · Nov 13, 2025 · 3 MIN
If you don’t try hard after reaching the age of 30, you won’t be able to achieve success
from ဒီနေ့အတွက်စကား · host Padamyar FM
အသက်၃၀ဆိုတဲ့အရွယ်ဟာဘဝရဲ့ ပျှမ်းမျှတစ်ဝက်အချိန်လို့ဆိုနိုင်သလို တစ်ဆစ်ချိုးကာလလို့လည်းပြောနိုင်သလို အောင်မြင်တိုးတက်ရေးအတွက်မဖြစ်မနေစတင်လုပ်ဆောင်ရတော့မယ့်အချိန်လည်းဖြစ်ပါတယ်။ အသက်၃၀အရွယ် မှာမှကြိုးစားတာမျိုးမလုပ်ခဲ့ရင် ကျန်သေးတဲ့ ဘဝအသက်တာမှာ ဘယ်လိုအကြောင်းအရာတွေဖြစ်လာမလဲဆိုတာကို ဆုံးဖြတ်ပေးသွားတော့မှာပါ။ အရွယ်မှာ ပိုက်ဆံကို ရေလိုမသုံးသင့်တော့ပဲ နောင်ရေးအတွက်စုဆောင်းသင့်ပါတယ်။ တစ်ယောက်ထဲနေဖို့ဖြစ်ဖြစ်၊ ကိုယ်ပိုင် ဘဝတစ်ခုဆိုထူထောင်ဖို့အတွက် ဖြစ်ဖြစ် ရေရှည်ကို ကြိုတွေးပြီး စုဆောင်းသင့်ပါပြီ။ ပြီးတော့မိသားစုကို အချိန်ပိုပေးဖို့ လည်း မမေ့ပါနဲ့။ မိသားစုဆိုတာက အဖေ၊ အမေ ညီအစ်ကိုမောင်နှမတွေအပြင် ဆွေမျိုးတွေဖြစ်တဲ့ တူ၊ တူမတွေအထိ ပါဝင်ပါတယ်။ ကိုယ်ကဒီအချိန်မှာ ပေးကမ်းစွန့်ကျဲထားမှ တချိန်ကျရင် သူတို့က ကိုယ့်အပေါ် ကျေးဇူး သိတတ်တာတွေခံစားရမှာပါ။
Embed this episode
NOW PLAYING
If you don’t try hard after reaching the age of 30, you won’t be able to achieve success
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.