EPISODE · Oct 27, 2025 · 3 MIN
If you really want to succeed, you have to put in 100% effort.
from ဒီနေ့အတွက်စကား · host Padamyar FM
လေကြီးလေကြယ်ပြောနေရုံသပ်သပ်ပဲဆိုရင်တော့ ဘာမှဖြစ်မလာနိုင်ဘူး။လူတိုင်းကတော့ အောင်မြင်ချင်ကြသူတွေ၊ ချမ်းသာချင် ကြသူတွေ ချည်း ပါပဲ။သို့သော် ကြိုးစား အားထုတ်မှုကတော့ လူတိုင်းမှာ ရှိမနေပါဘူး။ ငါကတော့ တစ်နေ့ကျရင် ဘယ်လိုချမ်းသာ လာမှာ၊ ဘယ်လို အောင်မြင်လာမှာဆိုပြီး လေကျယ်ရုံ သပ်သပ်ပဲရှိပြီး ကြိုးစားအားထုတ်မှု မရှိဘူးဆိုရင်တော့ ဘာမှ ဖြစ်မလာနိုင်ပါ ဘူး။ အမှန်တကယ်အောင်မြင်ချင်တယ်ဆိုရင် ကြိုးစားအားထုတ်မှုကို ရာနှုန်းပြည့် စိုက်ထည့်ရမှာဖြစ်ပါတယ်။ ရာနှုန်းပြည့် စိုက်ထည့်ပါ။ ကျွန်တော်တို့ဟာ ကိုယ်ထင်ထားတာထက်ကို လုပ်ဆောင်နိုင်ကြပါတယ်။ ကိုယ့်ရဲ့ လုပ်ဆောင် နိုင် စွမ်း ကိုကိုယ်ကိုယ်တိုင် ကန့်သတ်ကာ ဘောင်ခတ်မထားဘဲ အဆုံးစွန်အထိသာ လုပ်ဆောင်ပါ။ “ငါလုပ်နိုင်ပါ့မလား” ၊ “ငါ ဒီလောက်ပဲ လုပ်နိုင်တယ်”၊ “တော်ပြီ ဒီ့ထက်ဆက်လုပ်ရင်ခံနိုင်မှာမဟုတ်ဘူး” အစရှိတဲ့ အတွေးအမြင်များနဲ့ ကိုယ့်ကိုယ်ကိုယ် အထင်မသေး လိုက်ပါနဲ့။စိတ်ခွန်အားများ၊ အချိန်များ၊ ကိုယ်ကာယခွန်အား ရှိရှိသမျှတို့ကို ရာနှုန်းပြည့်အသုံးချကာ ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို တဖြည်းဖြည်း တိုးချဲ့ရမှာပဲဖြစ်ပါတယ်။
Embed this episode
NOW PLAYING
If you really want to succeed, you have to put in 100% effort.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.