EPISODE · Dec 17, 2025 · 3 MIN
If You Want To Do It, You Must Do It. If You Don’t Work Hard Now, It Will Be More Difficult In The Future.
from ဒီနေ့အတွက်စကား · host Padamyar FM
လုပ်ချင်စိတ်ရှိရင် ဖြစ်အောင်လုပ်တတ်ရတယ်။ ဝါသနာပါတဲ့စီးပွားရေးလေး စချင်တယ်၊ ဒါပေမယ့် အချိန်မရှိဘူး။ တိုးတက် မှု အတွက် အသစ်တွေလေ့လာချင်တယ်၊ ဒါပေမယ့် အလုပ်ပင်ပန်းတာနဲ့ ဖြစ်မှာမဟုတ်ဘူး။ တကယ်တမ်း ဒီစကားတွေကအခြေ အမြစ်မရှိတဲ့ ဆင်ခြေထက် မပိုပါဘူး။ ကိုယ့်ကို ဘယ်သူမှ ဒီအလုပ်တွေ အတင်းခိုင်းနေတာ မဟုတ်တဲ့အတွက်၊လုပ်ချင်စိတ်ရှိရင် တုံးတိုက်တိုက် ကျားကိုက်ကိုက် မဖြစ် ဖြစ်အောင် လုပ်ရမှာပဲ။ ဒီအတွက် အလုပ်များတဲ့ကြားက အချိန်ထွက်လာအောင် စောစောထသင့် ထရမယ်။ ပင်ပန်းပြီး အာရုံမလွင့် အောင်ဦးစားပေးမှုတွေ လုပ်ရမယ်၊ အကြည်ဓာတ် ထိန်းရမယ်။ တွေဝေမနေအောင်ကိုယ်ပိုင်စည်းမျဉ်းတွေ ချမှတ်ထားရလိမ့်မယ်။ ဒုံရင်းအတိုင်းနေပြီး ဆင်ခြေပေးနေရင် အဆုံးမှာ စိတ်ပျက်စရာတွေပဲ ကြုံရတတ်တယ်။ ရလဒ်တစ်ခု လိုချင်ရင် လိုအပ်တဲ့ အားစိုက် ထုတ်မှု ရှိရတယ်၊ အသီးအပွင့်တွေ လိုချင်ရင် နေ့စဉ်ရေလောင်းပေါင်းသင်တဲ့ အလေ့အထ ရှိရပါတယ်။ အလိုလို ပေါက်တာမြက်ပင် ပဲများတာပါ။ စင်ပေါ်ရောက်ချင်ရင် ဖြတ်လမ်းမရှိမှန်း နှလုံးသွင်းထားဖို့လိုလိမ့်မယ်။
Embed this episode
NOW PLAYING
If You Want To Do It, You Must Do It. If You Don’t Work Hard Now, It Will Be More Difficult In The Future.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.