EPISODE · Sep 13, 2025 · 3 MIN
If You Want To Make Changes As Soon As Possible, You Need To Keep Training Yourself.
from ဒီနေ့အတွက်စကား · host Padamyar FM
လူတစ်ယောက် အောင်မြင်ဖိုဆိုတာ ကံ၊ ဉာဏ်၊ ဝီရိယဆိုတဲ့ သုံးချက်စလုံးကိုက်ညီမှလို ထင်ကြတယ်။ တကယ်တမ်း အရေးကြီး ဆုံးအချက်ကတော့ကြိုးစားအားထုတ်မှု ဆိုတဲ့ Action ပါပဲ။ လူတွေဟာ တခြားသူအောင်မြင်တဲ့အခါ ကံကောင်းလိုလို ထင်မြင် တတ်ကြပြီး ကျရှုံးတဲ့အခါမှာတော့ကံဆိုးတာကြောင့်လို ထင်ကြပါတယ်။ တကယ်တမ်းတော့ ကံဆိုးလို ကျရှုးတယ်ဆိုတာ မရှိပါဘူး။အောင်မြင်ဖိုအတွက် အားသွန်ခွန်စိုက် မကြိုးစားလိုသာ ကျရှုံးခဲ့ရတာပါ။ ကြိုးစားအားထုတ်မှုမပါတဲ့ အောင်မြင်မှုဆိုတာ လောကမှာမရှိပါဘူး။ဒါကြောင့်တစ်ခုခုလုပ်ဆောင်တဲ့အချိန်မှာ ကိုယ့်ရဲ့ အတွေး အခေါ်ကောင်းတွေနဲ့ကြိုးစားအားထုတ်မှုတွေ ထပ်တူကျအောင် ဆောင်ရွက်တဲ့အခါ အောင်မြင်မှုကမလွဲဧကန်ပါပဲ။ အတွေးအခေါ် ကောင်းတွေပိုင်ဆိုင်မှ ဘဝက တိုးတက်မှာပါ။ ဒါကြောင့်အတွေးအခေါ်မြင့်မားပြီး ရင့်ကျက်တည်ငြိမ်စေဖို ခက်ခဲမှုတွေအတွက်အစိုးအရိမ်မလွန်နဲ့။ တိုးတက်ချင်ရင် လုပ်ရမယ့်အလုပ်တွေရဲ့ ခက်ခဲမှုကို တွေးကြောက်မနေနဲ့။ အလုပ်တစ်ခုကို စိတ်ပါပါ၊ မပါပါမပျက်မကွက် လုပ်ရတာက ဘယ်တုန်းကမှ မလွယ်တတ်ဘူး။ ဒါကြောင့် ဘယ်လောက် ခက်မလဲ အစား၊ဒီအလုပ်တွေက ကိုယ့်ကို ဘယ်လိုကူညီနိုင်မလဲကို အာရုံစိုက်ဖို့ လိုတယ်။
Embed this episode
NOW PLAYING
If You Want To Make Changes As Soon As Possible, You Need To Keep Training Yourself.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.