EPISODE · Jan 18, 2026 · 3 MIN
In Daily Life, Emotions Need To Be Divided Into Compartments.
from ဒီနေ့အတွက်စကား · host Padamyar FM
နေ့စဉ်ဘဝမှာ အကန့်တွေ ခွဲထားတတ်ဖို့ ၊ ရောမချဖို့သိပ်အရေးကြီးတယ်။ အသက်တစ်ရာ မနေရ ၊ အမှုတစ်ရာ ပွေရ ဆိုသလို ပါပဲ နေ့စဉ်နဲ့အမျှပြဿနာတွေ ၊ အရှုပ်ထုတ်တွေ အမြဲ ကြုံရပါတယ် ။ ဒီအရှုပ်တွေကို ရှင်းလိုက် ၊ နောက်ထပ်အရှုပ်တွေ ပေါ်လာ လိုက်နဲ့ ဒုက္ခနဲ့ ဘဝကယှဉ်တွဲနေတာမျိုးပါ။ ဒီအရာတွေဟာ မတွေ့ချင်လို့ ရှောင်နေလို့ရတဲ့အထဲ မပါဝင်ပါဘူး ။ဒါတွေကို ဖြေရှင်းတဲ့အခါမှာလည်း အကန့်တွေ ခွဲတတ်ဖို့ ၊ ရောမချမိစေဖို့အရေးကြီးပါတယ် ။ အိမ်မှာဖြစ်တဲ့ ပြဿနာကို အိမ်မှာထားခဲ့ ၊ အလုပ်ကိုသယ်မသွားနဲ့ ။ အလုပ်မှာဖြစ်တဲ့ အရှုပ်ထုပ်တွေကို အလုပ်မှာ ဖြေရှင်းခဲ့၊မိသားစုအပေါ် ဖြေမချမိစေနဲ့ ။ ကိုယ့်မိသားစုနဲ့ ဖြစ်တဲ့ ပြဿနာကို ၊ချစ်သူရည်းစားဆီ ပုံမချမိစေပါနဲ့။ ကိုယ့်အလုပ်မှာ ဖြစ်တဲ့ ပြဿနာကို အိမ်သူဇနီးမယား၊ သားသမီးတွေ အပေါ်ပုံချတတ်တဲ့ ဖခင်တွေရှိပါတယ် ။ ကိုယ့်ရဲ့အလုပ်မှာ ဖြစ်တဲ့အခက်ခဲဟာ ကိုယ့်တာဝန်ပါပဲ ။ မိသားစုအပေါ် အပူမခံခိုင်းသင့်ပါဘူး ။ တစ်ချို့ဖခင်တွေဟာ လမ်းမှာကားပိတ်တာကအစ၊ အလုပ်မှာပြဿနာ ဖြစ်တာ ၊ အခြားလူအပေါ်သည်းခံပေးရတာတွေကို ကိုယ်နိုင်တဲ့ မိသားစုဆီ ဒေါသတွေ အန်ချတတ်ကြတယ် ။ ဒါက သံသရာ လည်နေတော့တာပါပဲ။ ဖခင်ဖြစ်သူကိုယ်တိုင်က ဒီလိုလုပ်နေရင်း မိသားစုက မပျော်နိုင်တော့ဘူး။နွေးထွေးတဲ့ ဆက်ဆံ ရေးတွေ ပျောက်ဆုံးလာပါလိမ့်မယ်။ သားသမီးတွေရဲ့ စိတ်ဒဏ်ရာတွေဟာ အဲ့ဒီကနေ စတာပါပဲ ဖြစ်ပါလိမ့်မယ်။
Embed this episode
NOW PLAYING
In Daily Life, Emotions Need To Be Divided Into Compartments.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.