EPISODE · Jun 2, 2026 · 3 MIN
In every ups and downs of life, self-acceptance is necessary.
from ဒီနေ့အတွက်စကား · host Padamyar FM
ကျွန်တော်တို့ရဲ့ အချို့သော ဖြစ်တည်မှုတွေကကိုယ်ပြောင်းလဲလို့ မရနိုင်တာတွေရှိတယ်။ မိဘရဲ့ ဂျင်း မှာကိုကအရပ်မမြင့်တဲ့အခါ ကိုယ်လိုချင်သလောက်အရပ်မရှည်တာကိုလည်း ကျေနပ်ရတယ်။ မျိုးရိုးမှာကိုက အသားမဖြူကြတဲ့အခါ ခပ်ညိုညိုအသားရည် ကို လှတဲ့မျက်စိနဲ့ကြည့်ရတယ်။ ပြောင်းလဲလို့ရတာကို ပြောင်းလဲပြီးပြောင်းလဲလို့ မရတာကို အပြည့်ဝလက်ခံရတယ်။ ကိုယ် ပိုင်ဆိုင် တဲ့ ကိုယ့်အရာရာကိုကျေနပ်လက်ခံပြီး နှစ်သက်နိုင်မှသာ စိတ်ချမ်းသာရမယ်။ တခါတလေ ကြီးမားတဲ့ ဆုံးရှုံးမှုတွေလည်း ကြုံရနိုင်တယ်။ ကြိုးစားခဲ့သလောက်အရာမထင်တာတွေလည်း ရှိလာမှာပဲ။ ဆုံးရှုံးသွား တဲ့ အရာဆီကန သင်ခန်းစာယူပြီးထပ်ကြိုးစားလို့ရတဲ့ အခွင့်ရေးတွေ ရှာတွေ့လာတယ် ။ ဘယ်အရာဖြစ်ဖြစ် ကျေနပ်လက်ခံ လိုက် ရင် အခြားလမ်းတစ်ခုကရှာတွေတာပါပဲ ။ ဒါကြောင့် ပိုကောင်းဖို့ ဖြစ်လာတာပါဆိုတဲ့ စိတ်နဲ့ လက်ခံဖို့သာ ကြိုးစားပါ ။
Embed this episode
NOW PLAYING
In every ups and downs of life, self-acceptance is necessary.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.