EPISODE · Dec 20, 2025 · 3 MIN
Injuring Others Will Not Heal Your Own Wounds.
from ဒီနေ့အတွက်စကား · host Padamyar FM
စိတ်ဒဏ်ရာက ဘယ်လောက်ဆိုးရွားလဲဆိုတာ ခံစားဖူးသူသာအသိဆုံးပါ။ Sexual Abuseလုပ်ခံရဖူးတဲ့ ကလေးတစ်ယောက် ဟာအသက်ကြီးလာတဲ့အထိ နောက်ကနေ ပုခုံးလေးပုတ်လိုက်တာ ခါးလေးတို့လိုက်တာမျိုး Body partတစ်ခုခုကို အမှတ်မထင် ကိုင်လိုက်တို့လိုက်တာမျိုးတွေကိုတောင် ခံနိုင်ရည်စွမ်းအားမရှိကြတော့ပါဘူး။ နောက်တစ်ကြိမ်များ အရင်လို ထပ်ဖြစ်လာဦးမလား ဆိုတဲ့ ကြောက်စိတ်ကြီးက အမြဲလိုလိုဘဝမှာ ကြီးစိုးနေတတ်ပါတယ်။ ခွေးကိုက်ခံရဖူးတဲ့သူက ခွေးကိုကြောက်ကိုကြောက်ပါတယ်။ ခွေးကဘယ်လောက်လိမ္မာပါတယ် မကိုက်တတ်ပါဘူးလို့ ပြော ပြော သူကိုယ်က ခွေးမြင်ရင် ကို လန့်နေတာပါ ခွေးကိုက်ခံရဖူးတဲ့ ခံစားချက်ကလည်း ပေါ့သေးသေးတော့မဟုတ်လှပါဘူး။ တကယ်ကို shockရစရာ ကောင်းပါတယ်။ အဲ့လိုပဲရေနစ်ဖူးတဲ့သူကလည်း ရေကိုကြောက်ကိုကြောက်တယ်။ စိတ်ဒဏ်ရာက ရခဲ့ဖူးပြီး အပြီး တိုင် မပျောက်ခဲ့ရင် တစ်ဘဝလုံးကိုကြောက်နေရတာ မဆုံးတော့ဘူး။
Embed this episode
NOW PLAYING
Injuring Others Will Not Heal Your Own Wounds.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.