EPISODE · Feb 14, 2026 · 3 MIN
It doesn't matter how someone treats you. The important thing is not to accept it.
from ဒီနေ့အတွက်စကား · host Padamyar FM
တစ်စုံတစ်ယောက်ကြောင့် စိတ်ထိခိုက်နာကျင်ခံစားရဖူးပါလား။ သူတို့ရဲ့ ပြောစကား၊ လုပ်ရပ်တွေက သိမ်ငယ် အား နည်း သွားစေပါသလား။ ဒီလို မဖြစ်အောင် ဘယ်လိုပြောင်းလဲလို့ ရနိုင်မလဲ။ ပထမဆုံးအချက်ကကိုယ်တိုင်က ခွင့် မပြုရင် ကိုယ့်ကို ဘယ်သူကမှ ထိခိုက်ခံစားရအောင်မလုပ်နိုင်ဘူးဆိုတာပါပဲ။ ကိုယ်တိုင်က ခွင့်ပြုပေးထားမှသာ ဖြစ်နိုင် တာပါ။ ကိုယ့်အနေနဲ့ဘယ်လိုတုံ့ပြန်မလဲဆိုတာကို စိတ်တိုင်းကျ ရွေးချယ်နိုင်ပါတယ်။ ဒေါသဖြစ်မလား၊စိတ်ပျက် မလား၊ တည်တည် ငြိမ်ငြိမ်နဲ့ ရင်ဆိုင်မလား။ အခြားသူတွေရဲ့ လုပ်ရပ် ဒါမှမဟုတ် ပြောစကားအပေါ်မှာ ဝမ်းနည်း ခံစား နေရုံနဲ့ဘာကိုမှဖြေရှင်းနိုင် မှာ မဟုတ်ပါဘူး။ နောက်တစ်ခုက ဘယ်သူ့မှာမှ ကိုယ့်ကိုစိတ်ထိခိုက်အောင်လုပ်နိုင်တဲ့ အခွင့် အရေးမရှိပါဘူး။ မိဘ၊ အလုပ်ရှင်၊ အထက်လူကြီး၊လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်း ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ကို စိတ် ထိခိုက်အောင်၊စိတ်ဓာတ်ကျအောင် လုပ်ခွင့်မရှိဘူးဆိုတာ မှတ်ထားပါ။
Embed this episode
NOW PLAYING
It doesn't matter how someone treats you. The important thing is not to accept it.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.