EPISODE · Jan 4, 2026 · 3 MIN
It Is Not Difficult At All For Anyone Who Tries To Get What They Want.
from ဒီနေ့အတွက်စကား · host Padamyar FM
ကြီးပွားချမ်းသာတာကို လူတိုင်းလိုချင်ကြပါတယ်။သို့သော်လည်း လူတိုင်းတော့ ကြီးပွားချမ်းသာခြင်း မရှိကြပါဘူး။ ကိုယ့်ရဲ့ လုပ် ဆောင်ချက်တွေ၊အမူအကျင့်တွေ၊ ကြိုးစားအားထုတ်မှုတွေပေါ် မူတည်ပြီး ကိုယ်ရရှိတဲ့ ချမ်းသာကြွယ်ဝမှုကလည်း ကွာဟသွား ပါတယ်။ ဒါ့အပြင် အပြောလွယ်သလောက်လည်း လက်တွေ့မှာတော့ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့်မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ငွေကြေးနဲ့ပတ်သတ်ပြီး အလေ့အကျင့်ကောင်းများ ပျိုးထောင်ပါ။ ကြီးပွားချမ်းသာချင်တယ်ဆိုရင်ငွေကြေးနဲ့ပတ်သတ်ပြီး စည်း ကမ်းတွေနဲ့ အလေ့အအကျင့်ကောင်းတွေကိုပျိုးထောင်ထားသင့်ပါတယ်။ အရင်ဆုံး ငွေကြေးစုဆောင်းမှုကို စတင်ပါ။ အရှေ့မှာ တစ်လျှောက်လုံး ငွေကြေးတွေကို မစုဆောင်းခဲ့ဘူးဆိုရင်တောင် အခုကစပြီး စုဆောင်းပါ။ လစဉ်ဝင်ငွေရဲ့ဆယ်ရာခိုင်နှုန်း ကိုဖြစ် စေ၊ ပမာဏ တစ်ခုကိုဖြစ်စေစုပါ။ ပြီးမှသာ ကျန်ငွေထဲကသုံးစွဲပါ။ လစဉ်ဝင်ငွေကို အရင်စုဖို့မဖယ်ပဲ ပိုလျှံမှစုမယ် ဆိုတာ မျိုးမလုပ်မိဖို့ သတိပြုပါ။ နောက်တစ်ချက်ကတော့ မလိုအပ်ပဲ ငွေကြေးသုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။ကိုယ့်အတွက် တကယ် လိုအပ်တဲ့ နေရာမှသာ ငွေကြေးသုံးစွဲပါ။ ပစ္စည်းတစ်ခုခု သို့မဟုတ်အသုံးအဆောင် တစ်ခုခုကို ဝယ်တော့မယ်ဆိုရင် တစ်ကယ် လိုအပ်ရဲ့လား ဆိုတာကိုယ့်ကိုယ်ကို ပြန်မေးဖို့ မမေ့ပါနဲ့။ ဒါ့အပြင် ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ်အကြွေးယူခြင်းတွေကို လည်း အတတ် နိုင်ဆုံး မပြုလုပ်မိအောင် ရှောင်ရပါမယ်။
Embed this episode
NOW PLAYING
It Is Not Difficult At All For Anyone Who Tries To Get What They Want.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.