EPISODE · Feb 6, 2026 · 3 MIN
It is not necessary to be nice to everyone.
from ဒီနေ့အတွက်စကား · host Padamyar FM
စိတ်ထားကောင်းရင် ကံကောင်းမယ်ဆိုတဲ့စကားကိုလူတိုင်းကြားဖူးကြမှာပါ ။ ဘဝကို စိတ်သဘောထားကောင်းကောင်းမွန်မွန်နေထိုင်ရင်း အောင်မြင်အေးချမ်းစွာဖြတ်သန်းနေကြတဲ့သူတွေလည်းပတ်ဝန်းကျင်မှာ အများကြီးပါပဲ။ ဒါပေမဲ့စိတ်ရင်းစေတနာကောင်းဆိုတာ လူတိုင်းနဲ့ထိုက်တန်နေတာမျိုးမဟုတ်ပါဘူး ။မကောင်းသင့်တဲ့လူတွေကို ကောင်းမိတဲ့အခါ ကိုယ်ပဲ စိတ်ဒုက္ခရောက် ရမှာပါ။ စိတ်ရင်းကောင်းတယ် ၊စေတနာကောင်းတယ်ဆိုတာမျိုးက ချစ်စရာကောင်းတဲ့အပြုအမူဖြစ်ပေမဲ့လူတိုင်းအပေါ်ကောင်းပေးနေဖို့တော့ မလိုအပ်ပါဘူး။ ဒီလိုပြောနေတယ်ဆိုပေမယ့်စိတ်သဘောထားဆိုးခိုင်းနေတာလည်း မဟုတ်ပြန်ပါဘူး ။ သူ့နေရာနဲ့သူ မဟုတ်ဘဲမကောင်းတဲ့သူတွေအပေါ် ကိုယ်က ကောင်းပေးမိတဲ့အခါဘာတွေဖြစ်လာနိုင်တယ်လို့ထင်ပါသလဲ။ ကိုယ်က ကိုယ့် ပင်ကိုယ် သဘာဝ အတိုင်း ဘယ်သူ့အပေါ်မှာမဆိုစိတ်ရင်းမှန်နဲ့ ကောင်းကောင်းဆက်ဆံပေးတတ်ပေမဲ့ တချို့လူတွေရဲ့ စိတ်ထဲမှာတော့ကိုယ့်ကို အားနည်း တယ် လို့ ထင်သွားတတ်ပါတယ် ။ သူက ဘာပြောပြောရပါတယ်ကွာ ၊ သူ့ကငါခိုင်းရင်အကုန်လုပ်ပေးမှာ ၊ သူက ငါ့ကို မယှဥ်နိုင်ပါ ဘူး ဆိုတဲ့စကားတွေနဲ့ကိုယ့်ရဲ့သဘောကောင်းမှုကို အခွင့်ကောင်းယူတတ်ကြပါတယ်။ ဒါကြောင့်သတ်မှတ်ချက်လေးတစ်ခု ထားသင့်ပါတယ် ။
Embed this episode
NOW PLAYING
It is not necessary to be nice to everyone.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.