EPISODE · Dec 18, 2025 · 3 MIN
It is Okay to be you!
from ဒီနေ့အတွက်စကား · host Padamyar FM
လူတွေရဲ့ expectation တွေနောက်လိုက်နေရတာမျိုး၊ဥပမာ အိမ်ကမိသားစုကလဲ မျက်စိထောင့်ထောက်ကြည့်နေတာ၊ ဒါ့အပြင် ပေါင်းတဲ့သူငယ်ချင်းတွေနဲ့ကလဲစိတ် အမျိုးမျိုးအဖုံဖုံရှိနေပြန်တယ်။ ဆိုတော့ ဒီလို မျိုးပတ်၀န်းကျင်အောက်ကို ရောက်သွားတာကြာသွားရင် ကိုယ်ဆိုတာကြီးကိုဖော်ပြဖို့ခက်သွားတယ်။ ဒါမျိုးကယာယီတော့အဆင်ပြေနိုင်မယ်။ ကြာလာရင် စိတ်ထဲမကြည် လင်တာ၊စိတ်ကယောင်ချောက်ချားတွေးမိတာ၊ မလွတ်လပ်မပေါ့ပါးတာမျိုးဖြစ်နေတတ်ပါတယ်။မြုံစိစိနဲ့နေရတာ၊ နောက်ဆုံး စိတ်ဓာတ်တွေကျနိုင်ပါတယ်။ တိရစ္ဆာန်လေးတွေဟာမျိုးတူတဲ့အုပ်စုနဲ့ပဲပေါင်းသင်းကြတယ်၊စရိုက်လက္ခဏာတူကြလို့၊ နေထိုင်ရာအသိုက်အမြုံနဲ့ လိုအပ်ချက် တွေကတန်းတူဖြစ်လို့ပါပဲ။ သူနဲ့လိုက်ဖက်ရာ လိုအပ်ရာတွေကို ဖြည့်ဆည်းပေးရလိမ့်မယ်။အသားငါးစားတဲ့သတ္တ၀ါကို အသီး အရွက်သွားကျွေးလို့မရသလို၊အသီးအရွက်စားတဲ့သတ္တ၀ါကိုလဲ အသားငါးစားဖို့ ခဲယဥ်းပါလိမ့်မယ်။ အကြောင်းကတော့ သူတို့ ရဲ့ ဖြစ်တည်လာတဲ့ ဇီ၀ဖြစ်စဥ်တွေ၊ သဘာ၀တွေကိုလွန်ဆန်ဖို့မဖြစ်နိုင်တာပါပဲ။လူတွေမှာလဲထို့အတူ စိတ်၀င်စားရာမတူတဲ့သူတွေ၊ စရိုက်လက္ခဏာမတူတဲ့သူတွေနဲ့ အခေါ်အပြောရှိနိုင်ပေမဲ့ စိတ်နစ်ကိုယ်နစ်ပေါင်းဖို့က မလွယ်တဲ့ကိစ္စပါပဲ။ ကိုယ်ဆိုတာကို ချပြဖို့ လက်ခံဖို့ အရိပ်ယောင်မရှိတဲ့ နေရာမှာ ဆက်နေဖို့ကလဲ ခက်သွားပါလိမ့်မယ်။ ပျံသန်းဖို့ မွေးဖွားလာတဲ့ငှက်တွေကို ခြံထဲမှာပိတ်လောင်လို့မရသလို လူမှန်နေရာမှန်နဲ့ နေထိုင်သွားလာဖို့ လိုအပ်တယ်မဟုတ်ပါလား။
Embed this episode
NOW PLAYING
It is Okay to be you!
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.