EPISODE · Jul 24, 2026 · 3 MIN
It Is Safest to Take Responsibility For Yourself.
from ဒီနေ့အတွက်စကား · host Padamyar FM
ကိုယ်တိုင်တာဝန်ယူနိုင်တာကသာအလုံခြုံဆုံးဖြစ်ပါလိမ့်မယ်။ တစ်ခုခုလုပ်တော့မယ်ဆိုရင် “ငါ့ကိုယ်ငါ တာဝန်ယူနိုင် လား” ဆိုတဲ့မေးခွန်းက ဘဝအတွက် safety alert ပဲ။ ဆုံးဖြတ်ချက်တစ်ခု ချတာဖြစ်ဖြစ်။ ရွေးချယ်မှုလုပ်တာဖြစ်ဖြစ်။ ကိစ္စသေးသေး ကနေ အကြီးကြီးထိ စလုပ်မယ်ဆိုတာနဲ့. ငါ့ကိုယ်ငါ တာဝန်ယူလားလို့ မေးကြည့်တဲ့အကျင့်လေးရှိရုံနဲ့ လမ်းရဲ့ခြေလှမ်းတော်တော်များများကို ပြန်ထိန်းသိမ်းနိုင်တယ်။ ဘယ်တစ်ဦးတစ်ယောက်ကမှ ကိုယ့်ဘဝကို တာဝန်ယူမယ်လို့ အာမခံချက်မရှိသလိုလူတွေကလည်း အမြဲတမ်း မှန်မှန်ကန်ကန် ကျင့်သုံးတာမဟုတ်လို့ပဲ။ လောကကဒီလိုစဉ်းမျဉ်းမျိုး သတ်မှတ်တယ်။ ဇနီးအတွက် လင်ယောကျာ်းမှာ တာဝန်ရှိတယ်။ လင်ယောကျာ်းတာဝန်ကိုတော့ ဇနီးက ပြန်ကျေပွန်ရမယ်တဲ့။ဒါပေမယ့်တာဝန်မကျေပွန်တဲ့ခင်ပွန်း။ ဝတ္တရားမညီတဲ့ ဇနီးသည်တွေ လောကမှာ သိပ်များပြားပြီးအိမ်ထောင်ရေးဟာ ပင်လယ်ရေလို မြောက်များစွာ ပြိုကွဲနေကြရတာပဲ။ ဒါကိုကြည့်ခြင်းဖြင့်ငါတို့ တစ်ခုခုလုပ်ချိန်မှာ လောကစည်းမျဉ်းတွေအကြောင်း အများကြီး အားကိုးမိနေပြီဆိုရင်ဒီအချက်ကို ပြန်သတိရမိဖို့လိုမှန်း သိသင့် တယ်။
Embed this episode
NOW PLAYING
It Is Safest to Take Responsibility For Yourself.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.