EPISODE · Nov 3, 2025 · 3 MIN
It takes years of honesty to build a relationship and only one lie to break it forever.
from ဒီနေ့အတွက်စကား · host Padamyar FM
ကောင်းမွန်မှန်ကန်တဲ့ဆက်ဆံရေးတစ်ခုဖြစ်ဖို့ ရိုးသားမှုတွေနှစ်ပေါင်းများစွာနဲ့တည်ဆောက်ရပေမယ့် တစ်ခုတည်းသောမုသားက တော့ ထာဝရပျက်စီးသွားစေနိုင်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးဆိုတာလည်းကျွန်တော်တို့ရဲ့ဘဝမှာ အရေးပါတဲ့ကိစ္စတွေထဲက တစ်ခုဖြစ်ပါတယ်။ ကောင်းမွန်မှန်ကန်တဲ့ ဆက်ဆံရေး တစ်ခု Relationship တစ်ခုဆိုတဲ့နေရာမှာ အလုပ်ခွင်ထဲကလုပ်ဖော် ကိုင်ဘက် အချင်းချင်းကြားက ဆက်ဆံရေးလည်းပါတယ်။အလုပ်ရှင်နဲ့အလုပ်သမားကြားက ဆက်ဆံရေးလည်းပါတယ်။ ချစ်သူ နှစ်ဦးကြားက ဆက်ဆံရေးလည်းပါဝင်သလို မိဘနဲ့ သား သမီးကြားကဆက်ဆံရေးတွေ၊ နောက်ဆုံးအိမ်ထောင်သည်တွေရဲ့ ဆက်ဆံရေးလည်းပါဝင်ပါတယ်။ပထမဆုံးအနေနဲ့ တစ်ဦးပေါ် တစ်ဦးကောင်းမွန်မှန်ကန်တဲ့ဆက်ဆံရေးတစ်ခုဖြစ်ဖို့ ဒီစကားထဲကအတိုင်းပါပဲ။ တစ်ဦးပေါ်တစ်ဦးယုံကြည်မှုဆိုတာမရှိမဖြစ်လို အပ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ယုံကြည်မှလည်း စီးပွားရေးပဲလုပ်လုပ်၊ကိုယ့်လုပ်ငန်းခွင် မှာပဲ အသုံးချချ ကောင်းမွန်တဲ့ ရလာဒ်တွေရလာမှာပါ။ ဘယ်သူမှ စီးပွားရေးလုပ်ငန်းမှာကိုယ်မယုံရတဲ့သူ၊ သူနဲ့တွဲလုပ်ရင် ကိုယ် စိတ်ပူနေရမယ်ဆိုတဲ့သူနဲ့ လက်တွဲလို့ လုပ်ကိုင်ချင်မှာမဟုတ်ပါဘူး။ဒါကြောင့် ကိုယ်ကအများသူငါရဲ့ယုံကြည်မှုရအောင် နေရပါ မယ်။
Embed this episode
NOW PLAYING
It takes years of honesty to build a relationship and only one lie to break it forever.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.