EPISODE · Feb 19, 2026 · 3 MIN
It took five years for the bamboo to take root underground so that it could see the view from the height of eighty feet
from ဒီနေ့အတွက်စကား · host Padamyar FM
တာထွက်မှာတင် အပြစ်ကင်းချင်ရင် ရှေ့မရောက်တတ်ဘူး။ ဘယ်အလုပ်မဆိုအစပိုင်းမှာ အမြဲခက်လေ့ရှိတယ်။ ဒါကြောင့် ရှေ့ ရောက်ချင်ရင် တာထွက်မှာအပြစ်ကင်းစရာမလိုဘူး။ အလုပ်စစဝင်ချင်းမှာ အမှားကင်းဖို့ လိုချင်မှ လိုချင်မယ်။ ဝလုံးစစရေးချင်းမှာ မဝိုင်းတာ အပြစ်ဖြစ်ချင်မှ ဖြစ်မယ်။အပြောင်းအလဲ စစလုပ်ချင်းမှာရလဒ်မတွေ့ရဖို့ သေချာသလောက်ရှိတယ်။ အရေးကြီးတာက ဒီနေ့လုပ်ခဲ့တဲ့ အလုပ်ကိုမနက်ဖြန်များစွာမှာ အထွန့်မတက်ဘဲ ယုံယုံကြည်ကြည်နဲ့ ဆက်လုပ်နိုင်ဖို့ဖြစ်တယ်။ အလုပ်တစ်ခုကိုစွဲစွဲမြဲမြဲလုပ်နိုင်ရင် အချိန်တစ်ခုရောက်ရင် တိုးတက်မှုတွေ မြင်လာရတယ်။ ကိုယ်ပေးဆပ်ခဲ့သမျှနဲ့တန်တဲ့ ကံကောင်းခြင်းတွေ စတင်လာတယ်။ ဒီအခါမှ မနေ့ကထက် အမှားကင်းအောင်၊ပိုကောင်းအောင် ကြိုးစားသွားလို့ရတယ်။ ဘယ် အလုပ်ပဲ လုပ်လုပ် အစပိုင်းမှာမပျက်ကွက်ဖို့ ဦးစားပေးရတယ်။ နောက်ပိုင်း ဆာလောင်မှုတွေ အရှိန်ရလာမှ သွေးနဲ့ချွေးတွေရင်းပြီး နှစ်ဆ ကြိုးစားမယ်ဆိုတဲ့ကတိ မပျက်ဖို့ ဂရုစိုက်ရပါလိမ့်မယ်။
Embed this episode
NOW PLAYING
It took five years for the bamboo to take root underground so that it could see the view from the height of eighty feet
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.