EPISODE · Jul 8, 2026 · 3 MIN
Jealousy Burns Very Hot.
from ဒီနေ့အတွက်စကား · host Padamyar FM
မနာလိုမှုဟာ ပုံစံအမျိုးမျိုးနဲ့တည်ရှိနေတတ်ပါတယ်။ မနာလိုမုန်းထားခြင်းဟာ ကိုယ့်ကိုကိုယ် မီးပြန်ရှို့သလိုပဲကိုယ့်စိတ်နဲ့ ကိုယ် ပူလောင်ရပါတယ်။ ကိုယ့်ထက်သာသွားလို့ မနာလိုတာ၊ကိုယ်မပျော်နိုင်ပေမဲ့ သူပျော်နေရလို့ မနာလိုတာ၊ ကြိုးစားတာ ချင်း တူ တာတောင် သူကပိုအောင်မြင်လို့ စသဖြင့် မနာလိုမှုတွေဟာ အမျိုးမျိုးပါပဲ။ မနာလိုလို့ ကွယ်ရာမှာအပုတ်ချပြောတာ၊ နာမည်ဖျက်တာ၊ တိုက်ခိုက်တာတွေကိုမှ မနာလိုဖြစ်ခြင်းလို့ခေါ်တာမဟုတ်ဘူး။ မုဒိတာ မပွါးပေးနိုင်တဲ့စိတ်၊ အဘိဇ္စျာ ပွါးသောစိတ်ဟာလည်းမနာလိုခြင်းပါပဲ။ ငါကတော့ဖြင့် ဘယ်သူ့အကြောင်းမှ မပုတ် ခတ်ဘူး၊ မတိုက်ခိုက်ဘူးဆိုရင်နဲ့ မနာလိုခြင်းအလျင်းကင်းတဲ့သူလို့ ထင်ပါသလား။ တစ်ခါတစ်လေမှာ ကိုယ်တိုင်သတိမထား မိတဲ့ မနာလိုခြင်းတွေ ကိုယ့်မှာရှိနေတတ်သတဲ့။တနည်းပြောရရင် အငုံ့စိတ်တွေပေါ့။ Facebook ကြည့်ရင်းက ပုံလှလှ၊လူ ချောချောလေးတွေတာနဲ့မိတ်ကပ်တွေ ၊ effect တွေနဲ့မို့ ဒီ့လောက်လဲမလှပါဘူးလို့ ကိုယ့်စိတ်အတွင်းကနေ blameမိတာဟာ မနာလိုခြင်းပါပဲ။ သူ့ရုပ်နဲ့သူ သူ့ဘာသာဘယ်လိုပြင်ပြင်ကိုယ်နဲ့မဆိုင်ပါဘူး မဆိုင်တာကို အရာပေးနေမိခြင်းကိုက မနာလိုခြင်းတစ်မျိုးပဲဖြစ်တယ်။
Embed this episode
NOW PLAYING
Jealousy Burns Very Hot.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.