EPISODE · Jan 1, 2024 · 7 MIN
ဇန်နဝါရီလ ၁ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
from Dawei Watch Podcast · host Dawei Watch
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - တနင်္သာရီတိုင်းသားတွေပါတဲ့ မွန်အခြေစိုက် တော်လှန်ရေးတပ်တွေက နှစ်သစ်ကူးလက်ဆောင်အဖြစ် စစ်ကောင်စီတပ်ရင်းတွေကို ဝင်ရောက်တိုက်ခိုက်တဲ့အကြောင်း - နှစ်သစ်ကိုကြိုဆိုတဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုကို လောင်းလုံးမှာပြုလုပ်ခဲ့တဲ့ အခြေအနေ - သရက်ချောင်းက စစ်ကောင်စီတပ်စခန်းဂိတ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်တဲ့အကြောင်း - ထားဝယ်မြို့ပေါ်မှာ တစ်ရက်အတွင်း ခွေးရူးအကိုက်ခံရသူ နှစ်ဆယ်နီးပါးရှိခဲ့တဲ့အကြောင်း - ထားဝယ်-မောင်းမကန်လမ်းမှာ သုံးဘီးနှစ်စီးတိုက်မိလို့ လူလေးဦးဒဏ်ရာရသွားတဲ့အခြေအနေ - ရော်ဘာကြိတ်စက်ထဲ ဆံပင်ညှပ်ပါသွားလို့ ဆိုးဆိုးရွားရွားဒဏ်ရာရသွားတဲ့ အမျိုးသမီးနှစ်ဦးအထိ ရှိလာတဲ့အကြောင်း အပါအဝင် - ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျအခြေအနေ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Embed this episode
Ready to play
ဇန်နဝါရီလ ၁ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.