EPISODE · Jan 11, 2024 · 7 MIN
ဇန်နဝါရီလ ၁၁ ရက် တနင်္သာရီနေ့စဉ်သတင်း ၂ အစီအစဉ်
from Dawei Watch Podcast · host Dawei Watch
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ရွာတစ်ဝက်နီးပါးမီးရှို့ခံထားရတဲ့ လောင်းလုံးညောပြင်ရွာက ဒေသခံတွေ အရေးပေါ်အကူအညီတွေလိုအပ်နေတဲ့အကြောင်း - သရက်ချောင်းမြို့နယ် ရငဲကျေးရွာမှာ လက်နက်ကြီးကျလို့ နေအိမ်တစ်ဆောင်မီးလောင်ပျက်စီးသွားတဲ့အခြေအနေ - ကော့သောင်းမြို့ကို ပို့ဆောင်မယ့် မူးယစ်ဆေးဝါးအမြောက်အများကို ဖမ်းမိခဲ့တာ - သရက်ချောင်းမြို့နယ် ပြင်းဖြူသားရွာအုပ်ချုပ်ရေးမှူး ပစ်သ တ်ခံလိုက်ရတဲ့အကြောင်း - တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာက အသက်ကြီးပိုင်အမျိုးသမီးတစ်ဦး မိုင်းနင်းမိလို့ ခြေထောက်တစ်ဖက်ဆုံးရှုံးသွားတာ - လက်နက်ကိုင်လူတစ်စုဖမ်းသွားတဲ့ ပုလောကျောက်တောင်ရွာသားကို သေဆုံးလျှက်ပြန်တွေ့ခဲ့တဲ့အခြေအနေ - မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၁ ကို ထောက်ပို့ ၁၂ ဖွဲ့က ထောက်ပံ့တာရပ်ဆိုင်းလိုက်တဲ့အကြောင်း စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Embed this episode
Ready to play
ဇန်နဝါရီလ ၁၁ ရက် တနင်္သာရီနေ့စဉ်သတင်း ၂ အစီအစဉ်
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.