EPISODE · Jan 14, 2025 · 8 MIN
ဇန်နဝါရီလ ၁၄ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
from Dawei Watch Podcast · host Dawei Watch
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ပုလောမှာ စစ်ကောင်စီတပ်မီးရှို့ခဲ့တဲ့ ဥယျာဉ်ခြံတွေ သုံးရက်ဆက် လောင်ကျွမ်းနေတဲ့အကြောင်း - ဘုတ်ပြင်းက ကျေးရွာတွေမှာ ဆန်ဈေးနှစ်ဆနီးပါးတက်လာပြီး ဝယ်ယူရခက်နေတဲ့သတင်း - မြိတ်-တနင်္သာရီလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေလို့ ရေလမ်းက ခရီးသွားသူများလာလာတဲ့အကြောင်း - ရေဖြူရှိ သဘာဝဓာတ်ငွေ့ တိုင်းတာရေးစခန်းတွေနားမှာ အရပ်သားတစ်ဦး မိုင်းနင်းမိတဲ့သတင်း - မဲဆောက်မှာ မြန်မာလုပ်သားတွေ ဝမ်းပျက်ဝမ်းလျှော ပြန်ဖြစ်နေတဲ့ အခြေအနေ - တောင်အာဖရိကမှာ မိုင်းတွင်းဝင်ပေါက်ပိတ်လိုက်လို့ တရားမဝင်မိုင်းတူးသူတစ်ရာလောက် ပိတ်မိသေဆုံးသွားတဲ့ အကြောင်း စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Embed this episode
Ready to play
ဇန်နဝါရီလ ၁၄ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.