EPISODE · Jan 4, 2024 · 9 MIN
ဇန်နဝါရီလ ၄ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
from Dawei Watch Podcast · host Dawei Watch
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - စစ်ကောင်စီတပ် စစ်ကြောင်းက လောင်းလုံးမြို့နယ်ထဲက နေအိမ်တစ်ဆယ်ကျော်ကို မီးရှို့ခဲ့တဲ့အကြောင်း - ထားဝယ်မြို့ပေါ် သောင်းကျန်းနေတဲ့မျောက်ကို မီးသတ်တပ်ဖွဲ့က ဖမ်းဆီးလိုက်တဲ့သတင်း - စစ်ကောင်စီရဲ့ လွတ်ငြိမ်းစာရင်းမှာပါတဲ့ ထားဝယ်အကျဥ်းထောင်က အကျဥ်းသားတွေ လွတ်လာတဲ့အခြေအနေ - ရန်ကုန်ဆန္ဒပြပွဲ သတင်းယူနေချိန် စစ်ကားနဲ့ဝင်တိုက်ပြီး အဖမ်းခံခဲ့ရတဲ့ ဓာတ်ပုံသတင်းထောက် အင်းစိန်ထောင်က ပြန်လွတ်လာတဲ့အကြောင်း - မြိတ်မှာ မီးသင်္ဂြိုဟ်စရိတ် ကျပ်ငါးထောင် တိုးမြှင့်ကောက်ခံလိုက်တဲ့အကြောင်း - ချင်းပြည်နယ်က စစ်ကောင်စီတပ်စခန်းကုန်းတွေကို ရက္ခိုင့်တပ်တော်က သိမ်းလိုက်တဲ့အခြေအနေ - KIA ဌာနချုပ်နား ရဟတ်ယာဉ်ပစ်ချခံရမှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဦးသေဆုံးပြီး ဗိုလ်မှူးတစ်ဦး ဖမ်းမိတဲ့အကြောင်း အပါအဝင် - ရနောင်း လဝက ထိန်းသိမ်းရေးစခန်းက မြန်မာအလုပ်သမား ၂၅၀ ကျော်က အိမ်ပြန်ပို့ဖို့ ဆန္ဒပြတောင်းဆိုတာ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Embed this episode
Ready to play
ဇန်နဝါရီလ ၄ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.