EPISODE · Jul 23, 2024 · 11 MIN
ဇူလိုင်လ ၂၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
from Dawei Watch Podcast · host Dawei Watch
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - စစ်ကောင်စီတပ်ရဲ့သ တ်ဖြတ်မှုကြောင့် သေဆုံးသူ ၅၄၀၀ နီးပါးရှိလာတယ်လို့ အမေရိကန်သံရုံးထုတ်ပြန်တဲ့အကြောင်း - လားရှိုးမှာ ဒုဗိုလ်မှူးကြီးတစ်ဦး၊ ဗိုလ်မှူးနှစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးရာကျော်လက်နက်ချလိုက်တဲ့သတင်း - ကလိန်အောင်-ကံပေါက်လမ်းပိုင်းမှာ မောရဝတီရေတပ်အရာရှိလိုက်ပါလာတဲ့ကား မိုင်းဆွဲခံရတဲ့သတင်း - ဘုတ်ပြင်းရေပြင်ကမ်းနီးမှာ ကမ်းဝေးဝါလတ်လှေတွေ အစုလိုက်အပြုံလိုက် ငါးဝင်ဖမ်းနေတဲ့အခြေအနေ - စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယာယီသမ္မတရာထူး ရယူလိုက်တဲ့အကြောင်း - ရေဖြူမှာ ခွေးရူးပြန်ရောဂါကြောင့် ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦးသေဆုံးသွားတဲ့အကြောင်း အပါအဝင် - ထိုင်းမြောက်ပိုင်းမှာ ရွှေဆိုင်က လက်စွပ်လုပြေးတဲ့ မြန်မာတစ်ဦးအဖမ်းခံရတာ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Embed this episode
Ready to play
ဇူလိုင်လ ၂၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.