EPISODE · Oct 24, 2024 · 2 MIN
ကမ္ဘာတစ်ဝန်းဆီက အသိအမှတ်ပြုမှုကို ရရှိခဲ့တဲ့ Miss Grand ဟေတီ
from Dawei Watch Podcast · host Dawei Watch
မြန်မာပရိသတ်တွေအကြားမှာ အရမ်းပဲ လှုပ်လှုပ်ခတ်ခတ်ဖြစ်နေတဲ့ Miss Grand International ပြိုင်ပွဲမှာ ကမ္ဘာတစ်ဝန်းဆီက အသိအမှတ်ပြုမှုကို ရရှိသွားခဲ့တဲ့ အလှမယ်တစ်ယောက် ထွက်ပေါ်လာခဲ့ပါတယ်၊ အဲ့ဒီအလှမယ်ကတော့ Miss Grand ဟေတီ ရှိုင်ကာ လော်ဗင်းဂျီ ကာဒက် ပါပဲ။ မြန်မာနိုင်ငံဆီက အမှန်တရားကို လိုလားတဲ့၊ စစ်ကို ရွံမုန်းတဲ့၊ တရားမျှတမှုကို မြတ်နိုးတဲ့ ပရိသတ်တွေကလည်း ကိုယ့်နိုင်ငံရဲ့ ဖြစ်ပျက်နေမှုတွေကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်အသိပေးသွားခဲ့သူ ဟေတီအလှမယ်ကို အားပေးထောက်ခံခဲ့ကြပါတယ်။ ဟေတီအလှမယ်ကလည်း ဒီအလှမယ်ရွေးပွဲကို သူမ ရောက်လာရတာဟာ ကိုယ့်နိုင်ငံနဲ့ ကိုယ့်နိုင်ငံသားတွေ ဘယ်လိုဖြစ်ပျက်နေတယ်၊ ဘယ်လိုတွေရင်ဆိုင်နေရတယ်ဆိုတာ ကမ္ဘာက သိသွားစေချင်တာကြောင့်ပဲဖြစ်တယ်။ ဆုမရခဲ့ရင်လည်း ဟေတီ ဘာဖြစ်နေတယ်ဆိုတာကို သူမ တတ်နိုင်တဲ့နည်းလမ်းတစ်ခုနဲ့ ကမ္ဘာကသိအောင် လုပ်ပေးနိုင်ခဲ့လို့ ကျေနပ်ပါတယ် လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
Embed this episode
Ready to play
ကမ္ဘာတစ်ဝန်းဆီက အသိအမှတ်ပြုမှုကို ရရှိခဲ့တဲ့ Miss Grand ဟေတီ
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.