EPISODE · Jul 11, 2026 · 3 MIN
Learn to see your own worth in every face of criticism.
from ဒီနေ့အတွက်စကား · host Padamyar FM
တစ်ဦးတစ်ယောက် (သို့) လူအများဆီကနေ ကိုယ့်အပေါ်ဦးတည်တိုက်ခိုက်လာတဲ့ ဝေဖန်ကဲ့ရဲ့ မှု၊ အပြစ်တင်မှုတွေ ကြုံတွေ့ ဖူး ကြလား လို့မေးကြည့်ချင်ပါတယ်။ ဝေဖန်အပြစ်တင်မှုဆိုကတည်းက ကိုယ့်ရဲ့တိုးတက်နိုင်ရေး၊ပြုပြင်နိုင်ရေးကိုအကြောင်းပြုပြီး ကောင်းမွန်သောရည်ရွယ်ချက်နဲ့အကြုံပြုချက်ပေးတာမျိုး၊ ဆွေး နွေး ညှိနှိုင်းမှုလုပ် ဆောင်တာမျိုး မဟုတ်ပဲအပြုသဘော မဖြစ် စေတဲ့ စကားလုံးတွေ၊ အထင်အမြင် တွေနဲ့ စွပ်စွဲပြောဆိုခြင်း ကို ဆိုလိုပါတယ်။ ဒီလို ပြစ်တင်ဝေဖန်မှု၊ ကဲ့ရဲ့မှုတွေကို နယ်ပယ်တော်တော်များများမှာကြုံတွေ့ဖူးကြလိမ့်မယ် ထင်တယ်။ ကိုယ့်ရဲ့ 𝗽𝗲𝗿𝘀𝗼𝗻𝗮𝗹 𝗹𝗶𝗳𝗲 မှာလည်းဖြစ်နိုင်သလို𝗽𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹 𝗹𝗶𝗳𝗲မှာလည်းဖြစ်နိုင်ပါတယ်။ ဒီလို အပြုသဘောဘက်လည်းမရောက်၊ ကိုယ့်ကို အကူအညီ လည်းမဖြစ်တဲ့တစ်ဖက်လူရဲ့ထင်မြင်ယူဆမှုတွေကြောင့်ပဲ𝗘𝗺𝗼𝘁𝗶𝗼𝗻𝗮𝗹 𝗿𝗲𝘀𝗽𝗼𝗻𝘀𝗲 တွေဖြစ်တဲ့ဝမ်းနည်းအားငယ်မှုတွေ၊ ရှက်စိတ် တွေ၊ ဒေါသတွေ၊ မပျော်ရွှင်မှု၊မကျေနပ်မှုတွေနဲ့အတူ တစ်ဖက်မှာလည်း ကိုယ့်ကိုကိုယ်ယုံကြည်စိတ်တွေ၊ချစ်ခင်တန်ဖိုးထားစိတ် တွေအပေါ်အနည်းအများသက်ရောက်မှုတွေရှိသွားပါတယ်။
Embed this episode
NOW PLAYING
Learn to see your own worth in every face of criticism.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.