EPISODE · Sep 17, 2025 · 3 MIN
Life becomes easier when you let go of little things that bother you and focus on what makes you feel good.
from ဒီနေ့အတွက်စကား · host Padamyar FM
ဘဝမှာ ပြေလည်သာယာမှုတွေကိုလိုချင်တဲ့သူတိုင်းသိထားသင့်တဲ့အချက်တစ်ခုပါဝင်နေတဲ့စကားတစ် ခွန်းပါ။ ဘဝဆိုတဲ့ စကား လုံးနှစ်လုံးကို ကျွန်တော်တို့တတွေ မွေးဖွားချိန်ကနေစတင်လို့နောက်ဆုံးသေဆုံးတဲ့အချိန်မတိုင်ခင် အထိရုန်းကန်လှုပ်ရှားမှုတွေနဲ့ အသက်ဆက် ရှင်သန်ကြရပါတယ်။စိန်ခေါ်မှုတွေ၊ တိုက်ပွဲတွေ၊ အခက်အခဲတွေ၊ အတားအဆီး တွေ မကြုံချင်ဘဲကြုံရတဲ့ ဝမ်းနည်းပူဆွေးစရာတွေကို တွေ့ကြုံကြရမှာပါ။ ဒါဟာ ဘဝရဲ့ အဘိဓါန်ပါပဲ။ သင့်ကိုစိတ်အနှောင့်အယှက်ပေးနေတဲ့ကိစ္စသေးသေးလေးတွေကိုမေ့ထားလိုက်ပြီးသင့်အတွက်ကောင်းမွန်စေတဲ့ အရာတွေကို ပဲအာရုံစူးစိုက်ထားလိုက်မယ်ဆိုရင်ဘဝကသိပ်ကိုမှ ပြေလည် သာယာသွားနိုင်ပါတယ်။ ကျွန်တော်တို့ခန္ဓာဝန်ကို မစွန့်ခင်အချိန်အထိမလိုချင်တဲ့အရာတွေရော၊ လိုချင်တဲ့အရာတွေရောကံကြမ္မာကပေးနေမှာပါပဲ။ဘယ် ဟာကိုတော့ လိုချင်လို့ ရကိုရရမယ်ဆိုတဲ့ဖြစ်ရပ်မျိုးတွေကိုကိုယ်ကကြိုးစားပိုင်ခွင့်ဆိုတဲ့မသေချာမရောရာမှုတစ်ခုကိုသာ ကိုယ့် ဘက်မှာ မဲအဖြစ်နဲ့ ရှိနေ မှာပါ။ ဒါဆိုရင် ဘဝက တွေးကြည့်တိုင်းစိတ်ပျက်စရာချည်းပဲဖြစ်နေမှာပေါ့။
Embed this episode
NOW PLAYING
Life becomes easier when you let go of little things that bother you and focus on what makes you feel good.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.