EPISODE · Dec 27, 2025 · 3 MIN
Life doesn't stand still, so if you don't like one thing, just move on to the next.
from ဒီနေ့အတွက်စကား · host Padamyar FM
မနက်မိုးလင်းတော့ အိပ်ရာထဲမှာ ဒါမှမဟုတ်ကော်ဖီသောက်ရင်း ဒီနေ့အတွက် ဘာတွေလုပ်ရမလဲ၊ ရှေ့ဆက်ဖို့ အနာဂတ်အတွက် ဘာတွေလုပ်ရမလဲဆိုပြီး အတွေးတွေ မပီပြင်ဝိုးတဝါးဖြစ်နေတဲ့ အချိန်တစ်ခုကိုရောက်နေတယ်ဆိုရင် ဘာဆက်လုပ်မယ်လို့ တွေးခဲ့ဖူးပါသလား။ အားတင်းပြီး ရင်ဆိုင်နေတာကို ရပ်လိုက်ပါ။ ပထမဆုံး လုပ်ရမယ့်အရာကတော့စိတ်ထဲမှာ ဖြစ်နေတဲ့ ဘာလုပ်ရမလဲ တွေးမရဘူး၊ မဆုံးဖြတ်နိုင် တော့ဘူး၊ ဘာမှလုပ်ချင်စိတ်မရှိဘူးဆိုတဲ့စိတ်တွေကို လက်ခံလိုက်ပါ။ ဘယ်သူသိသိ မသိသိ ဒါတွေက အရေးမကြီး ပါ ဘူး။ဒီလိုလက်ခံပြီးတဲ့အချိန်မှာ စိတ်သက်သာရာရပြီး နေလို့ပိုကောင်းသွားပါလိမ့်မယ်။ဘာမှတွေးမရဘူး၊ လုပ်မရဘူးဆိုတာ တွေ ဖြစ်လာရတယ်ဆိုတဲ့ အကြောင်းဟာ ဦးနှောက်က အနားယူဖို့ လိုနေတဲ့လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ ဒါကို လက်မခံဘဲ တစ်ခုခုတော့လုပ်မှဖြစ်မယ်ဆိုပြီး ဇွတ်လုပ်နေရင်တော့ အဲဒီနေ့က ပျော်စရာ ကောင်းတဲ့နေ့ဖြစ်လာမှာမဟုတ်သလို စိတ်ဖိစီးမှု တွေသာ ပိုတိုးလာမှာ သေချာပါတယ်။ နောက်ဆုံးဘာမှလုပ်စရာမရှိလို့ စိတ်ဓာတ်ကျနေတယ်ဆိုရင်တောင် စိတ်ပင်ပန်းခံပြီး တွေးမနေပါနဲ့။အိပ်ရေးဝအောင်သာ အိပ်လိုက်ပါ။
Embed this episode
NOW PLAYING
Life doesn't stand still, so if you don't like one thing, just move on to the next.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.