EPISODE · Nov 19, 2025 · 3 MIN
Life should be meaningful and based on love and happiness.
from ဒီနေ့အတွက်စကား · host Padamyar FM
ဘဝကို အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းဖို့ ဆိုရင် ကိုယ်အမှန်တကယ် လိုချင်၊ ဖြစ်ချင်တဲ့ အရာ သို့မဟုတ် ဘဝပန်းတိုင်ကို သိဖို့လိုပါတယ်။ ကိုယ်လိုချင်တဲ့အရာကို သေချာမသိတာက ပန်းတိုင်ကို မသိတာနဲ့ အတူတူပါပဲ။ ရည်မှန်းချက်ပန်းတိုင် မရှိတဲ့ ဘဝက ကြိုးပျက် နေတဲ့ စွန်လိုအဓိပ္ပါယ်မရှိ လေနှင်ရာ လွင့်နေတာနဲ့ တူပါတယ်။ ဒါ့ကြောင့် မိမိကိုယ်တိုင်အတွက်ဖြစ်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင် ကို ရှာဖွေပါ။ ရည်မှန်းချက်ရှိပြီးပန်းတိုင်ရောက်အောင် ကြိုးစားခြင်းက ဘဝမှာ မျှော်လင့်ချက် အပြည့်နဲ့အဓိပ္ပါယ်ရှိရှိ ဖြတ်သန်း ခြင်း တစ်မျိုးပါပဲ။ ကိုယ့်ရဲ့ နေ့ရက်တွေကို ပျော်ရွှင်မှုလေးများဖြင့် ဖြတ်သန်းတာကလည်းဘဝကို အဓိပ္ပါယ်ရှိစေနိုင်ပါတယ်။ ဘဝက တိုတိုလေး ဖြစ်တဲ့အတွက် အဆိုးတွေတွေးမိနေတယ်၊ ကိုယ့်ရဲ့ အတွေးအမြင်တွေက အပျက်သဘောဘက် ရောက်နေတယ်ဆိုရင် သတိမူပြီးထိုထဲက ရုန်းထွက်လိုက်ပါ။ ကိုယ့်ရဲ့ဘဝမှာ ကောင်းတဲ့အရာအားလုံးကို အလေးပေးတန်ဖိုးထားခြင်းဖြင့် ပျော်ရွှင်မှုကို ရှာဖွေနိုင် ပါတယ်။ ဒ့ါအပြင် ကိုယ့်ရဲ့ဝါသနာ၊ သူငယ်ချင်း၊ မိဘဆွေမျိုးတွေ၊ ချစ်ရသူတွေထံမှလည်း ပျော်ရွှင်မှုကိုခံစားရနိုင်ပါတယ်။
Embed this episode
NOW PLAYING
Life should be meaningful and based on love and happiness.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.