EPISODE · Mar 18, 2026 · 3 MIN
Live as you truly feel.
from ဒီနေ့အတွက်စကား · host Padamyar FM
ခံစားမှုအစစ်အမှန်အတိုင်း ရှင်သန်ပါ။ People Pleasing ဆိုကတည်းက ကိုယ့်လိုအင်၊ ကိုယ့်ခံစားချက်၊ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေကိုစတေးပြီး အများအကြိုက် လိုက်လျောဦးစားပေးတတ်တာမျိုးပေါ့။ သူကြိုက်သလို နေလိုက်မယ်၊သူဖြစ်စေချင်သလို ဖြစ်ပေးလိုက် မယ်၊ သူပြောသလို လက်ခံလိုက်မယ်၊ သူတောင်းဆိုသလိုလိုက်လျောလိုက်မယ် စသဖြင့် ကိုယ့်ရဲ့ ခံစားချက် “အစစ်အမှန်” တွေကို ဖိနှိပ်ထားပြီး တစ်ဖက် ကျေနပ်အောင်အမြဲခေါင်းငြိမ့်နေတာမျိုးပါ။ကိုယ်ဆိုတာ ပျောက်ရှနေတာမျိုးပေါ့။ လုပ်ချင်တာရော၊မလုပ် ချင်တာရော၊ အဆင်ပြေတာရော၊ မပြေတာရောအရာအားလုံးကို တခြားသူ အကြိုက်တွေပဲလိုက်လျောပေးနေတတ်တာမျိုးပေါ့။ Attachment လေးမျိုး ထဲကမှ AmbivalentAttachment ဆိုတာက ကလေးဘဝရဲ့ အခြေအနေတွေကြောင့် အမြဲ ဝေခွဲမရ တဲ့စိုးရိမ်ပူပန်မှု၊ မလုံခြုံမှုကို ခံစားရတဲ့ ပုံစံမျိုးပါ။ ဝေဝါးမသေချာမှုတွေရှိနေခြင်းပေါ့။ဒါက ငယ်ဘဝမှာ ကိုယ်နဲ့ Care Giver ကြားမှာ ရှိတဲ့ တွယ်တာမှုပုံစံအပေါ် မူတည်သွားတာမျိုးပါ။ ဒီလိုကလေးတွေကြီးပြင်းလာတဲ့အခါ ကိုယ့်ကိုကိုယ် မလုံမခြုံ ခံစားရတာမျိုး၊ relationship တွေ မှာဆို ဆုံးရှုံးရမှာ ကြောက်တာမျိုး၊ ခံစားမှု emotions အတက်အကျတွေရှိတတ်တာမျိုး၊ကိုယ့်ကို စွန့်ပစ်ခံရမှာ (သို့)စိတ်ပျက်သွားမှာ ကြောက်တာမျိုး ၊ boundary မထားနိုင်တာမျိုးစတာတွေ ဖြစ်လာတတ်ပါတယ်။ဒီတော့ ကိုယ့်မလုံခြုံမှုတွေ၊ မသေချာမှုတွေ၊ ဝေခွဲမရမှု၊စိုးရိမ်မှုတွေကြောင့် ကိုယ့်ခံစားချက်တွေကို နေရာမပေးပဲ အများအကြိုက်လိုက်၊အများအတွက်ပဲ ရှင်သန်နေ တတ်ကြ တယ်။ ဒါဟာ ကလေး ဘဝရဲ့ ရိုက်ခတ်မှုတွေထဲက တစ်ခုပေါ့။
Embed this episode
NOW PLAYING
Live as you truly feel.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.