EPISODE · Mar 12, 2026 · 3 MIN
Living better in the present than in the past or future can help you avoid regrets and
from ဒီနေ့အတွက်စကား · host Padamyar FM
လူတော်တော်များများဟာ What If ဆိုတဲ့စကားလုံးကိုကိုယ့်ဘဝရဲ့ အတိတ်နဲ့အနာဂတ်အပေါ်မှာ သုံးလေ့ရှိတတ်ကြတယ်။ အကယ်၍များစောစောသာ လုပ်ခဲ့မိရင် အကယ်၍များ ပိုပြီး ဂရုစိုက်ခဲ့မိရင် အကယ်၍များအချိန်များများသာ ရခဲ့လိုက် ရင် ဒါတွေဟာ အချိန်လွန်နောင်တတွေ၊ အားမရမှု တွေနဲ့အတူပြန်လည်ပြင်ဆင်ခွင့်မရှိတော့တဲ့အရာတွေအပေါ် မျှော် လင့်တောင့်တမိတတ်တဲ့စကားလုံးတွေပေါ့။ ဒီလိုပဲ ဖြစ်မလာသေးတဲ့ အနာဂတ်အပေါ်ဆိုရင်လည်းအကယ်၍များ အဆိုး တွေပဲဖြစ်ခဲ့မယ်ဆိုရင် အကယ်၍များ ဒီလိုသာ ဖြစ်သွားမယ်ဆိုရင် အကယ်၍များမျှော်မှန်းထားသလိုဖြစ်မလာခဲ့ရင် စသဖြင်ပေါ့။ အနာဂတ်အတွက်ပြင်ဆင်နိုင်ဖို့ ဘာဖြစ်လာနိုင်မလဲဆိုတာအပေါ်ကြိုတင်တွေးတောတတ်ခြင်းဟာ အမှားတစ်ခု မဟုတ်ပါဘူး။ ဒါဟာ ရောက်လာမယ့်အနာဂတ်အတွက်အကောင်းဆုံးပြင်ဆင်ကြိုးစားနိုင်ဖို့ပါ။ ဒါပေမယ့် ကိုယ် တွေး လိုက်တဲ့အရာတွေတွေဟာကောင်းမွန်တဲ့အဖြေကိုရှာနိုင်တဲ့ (problem solving) ထက် အကြောက်တရား တွေနဲ့ စိုးရိမ်မှုတွေကိုသာ ဦးတည်၊ဦးစားပေးမိသွားမယ်ဆိုရင် မလိုအပ်တဲ့စိတ်ဖိစီးစရာတွေကို ဝန်အဖြစ်ရရှိလာနိုင်ပါတယ်။
Embed this episode
NOW PLAYING
Living better in the present than in the past or future can help you avoid regrets and
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.