EPISODE · Oct 24, 2025 · 3 MIN
Loneliness is felt by you and me and all human beings. But It can be cured.
from ဒီနေ့အတွက်စကား · host Padamyar FM
အထီးကျန်ခြင်းဟာ လူတန်းစားမျိုးစုံ ကျားမ,မရွေး ကြုံတွေ့ရနိုင်တဲ့ စိတ်အခြေအနေတစ်ရပ်ပါ။ ဆိုရှယ်မီဒီယာပေါ်မှာ Like တွေ အများကြီး ရနေသူတွေ ၊ လူတွေနဲ့ နေ့စဉ် ထိတွေ့ဆက်ဆံနေရသူတွေတောင်အထီးကျန်မှု ဝေဒနာကို ခံစားရနိုင်ပါတယ်။ တကယ် တော့ လူတွေမှာ ဝမ်းနည်းခြင်းတွေ ၊ မြိုသိပ်ထားရခြင်းတွေ များလာတဲ့အခါ နောက်ဆက်တွဲအနေနဲ့ အထီးကျန်ခြင်း ဆိုတဲ့ ဝေဒနာ ကိုခံစားရလာတာ ဖြစ်ပါတယ်။ အထီးကျန်ခြင်း ဝေဒနာကို ရာနှုန်းပြည့် တားဆီးလို့မရနိုင်ပေမယ့် အထီးကျန် တယ်လို့ ခံစားရတဲ့ အခါမျိုးမှာတော့ တချို့နည်းလမ်းလေးတွေနဲ့အထီးကျန်မှု နွံထဲကရုန်းထွက်လို့ ရနိုင်ပါတယ်။ ကိုယ့်အနေနဲ့အထီးကျန်တယ်လို့ ခံစားနေရတယ်ဆိုရင် တစ်ကိုယ်တည်း သီးသီးသန့်သန့် နေထိုင်ခြင်းကိုရှောင်ကြဉ်ပြီး လူတွေ နဲ့ ပုံမှန်အတိုင်း ထိတွေ့ဆက်ဆံမှုရှိအောင်ကြိုးစားနေထိုင်ဖို့ လိုပါတယ်။ ကိုယ့်ရဲ့ သူငယ်ချင်းတစ်စုံတစ်ယောက်ကိုမက်ဆေ့ချ်ပို့ပြီး ပေါ့ပေါ့ပါးပါး စကားလေးတွေ ပြောကြည့်တာ၊ ပန်းခြံမှာဆုံတဲ့သူစိမ်းတစ်ယောက်ကို ရင်းနှီးဖော်ရွေတဲ့ နှုတ်ဆက်စကားလေးတွေနဲ့ မိတ်ဆက်တာမျိုးလုပ်ကြည့်ပါ။ Small Talk လေးတွေပြောဆိုတာကလူတွေနဲ့ ဆက်သွယ်ပြောဆိုရာမှာပိုမိုလွယ်ကူစေတဲ့ ပေါင်းကူး တံတားတစ်ခုဖြစ်သလိုအထီးကျန်ခြင်းကိုသက်သာစေနိုင်တဲ့အပြင် သူငယ်ချင်းမိတ်ဆွေအသစ်ရစေဖို့လည်းကူညီပေးနိုင်ပါတယ်။
Embed this episode
NOW PLAYING
Loneliness is felt by you and me and all human beings. But It can be cured.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.