EPISODE · Mar 19, 2024 · 8 MIN
လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် တွေ့ဆုံခြင်း (၂)
from Dawei Watch Podcast · host Dawei Watch
“တစ်ချို့သောအမှုတွေကြန့်ကြာနေတာတွေရှိပါတယ်။ ဒါကိုတော့ ပွင့်ပွင့်လင်းလင်း ဝန်ခံချင်ပါတယ်။ဒါပေမယ့် ဒါကိုကျွန်တော်ဆင်ခြေပေးတာမဟုတ်ပါဘူး” လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း စစ်အာဏာရှင်ဆန့်ကျင်ရေး သုံးနှစ်ကျော်လာချိန်တွင် တော်လှန်ရေးတပ်ဖွဲ့ အများအပြားပေါ်ပေါက်လာပြီး နေရာဒေသအနှံ့ တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားနေသည်။ တော်လှန်ရေးအရှိန်ကောင်းနေသလို တစ်ဖက်တွင်လည်း တော်လှန်ရေးတပ်အချို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်သည်တော်ကျင့်ဝတ် ဖောက်ဖျက်မှုများလည်း ရှိလာနေသည်။ စစ်ကောင်စီတပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများမှာ အထူးပြောဖွယ်မရှိအောင်ပင် နေရာအားလုံးလိုလိုတွင် ဖြစ်ပေါ်နေသည်။ သို့သော်စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေသည့် တော်လှန်ရေးအဖွဲ့များမှာမူ ယင်းသို့ချိုးဖောက်မှုများကို အနည်းငယ်မျှပင် ပြုလုပ်ရန်မသင့်ဘဲ ကျင့်ဝတ်၊စည်းကမ်းများကို အထူးလိုက်နာရန် လိုအပ်ကြောင်း ထောက်ပြမှုများလည်း ရှိနေသည်။ သို့မှသာ ပြည်သူယုံကြည် ကိုးစားခံရသူများဖြစ်ကာ စံပြုထိုက်သည့် အဖွဲ့များ ဖြစ်လာမည်ဟုလည်း ထောက်ပြသူများက ဆိုကြသည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း စစ်သည်တော်ကျင့်ဝတ်၊ လူ့အခွင့်အရေးစံနှုန်းများကို ရေးဆွဲအတည်ပြုထားသည်။ ယင်းကြောင့် တော်လှန်ရေးအဖွဲ့များ၏ ကျင့်ဝတ်လိုက်နာမှုဆိုင်ရာ အခြေအနေများကို NUG ၏ လူ့အခွင့်အရေါးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကို Dawei Watch က မေးမြန်းတင်ဆက်လိုက်ပါသည်။
Embed this episode
Ready to play
လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် တွေ့ဆုံခြင်း (၂)
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.