EPISODE · Dec 5, 2024 · 2 MIN
မြန်မာဖိုက်တာနဲ့ ပွဲထပ်ထိုးရတော့မယ့် ထိုင်းကရင်စပ် လေဒီဘွိုင်းအချောအလှဖိုက်တာ ပက်ချွန်းပူ
from Dawei Watch Podcast · host Dawei Watch
ဒီဖိုက်တာကတော့ လေဒီဘွိုင်းဖိုက်တာ ပါ။ ထိုင်းကရင်စပ်ဖိုက်တာ ဖြစ်ပါတယ်။ မကြာသေးခင်ကပဲ မြန်မာဖိုက်တာ သိန်းမင်းကို အနိုင်ကစားပြလိုက်လို့ နာမည်ကြီးသွားခဲ့ပါသေးတယ်။ ဒီ ထိုင်းကရင်စပ်ဖိုက်တာ လေဒီဘွိုင်းရဲ့နာမည်က ပက်ချွန်းပူ ပါ။ မိန်းကလေးတစ်ယောက်လို နုဖတ်ချောမောလွန်းလို့ မသိတဲ့သူတွေက သူထိုးတဲ့ပွဲတွေကို ယောက်ျားနဲ့ မိန်းမ ထိုးတဲ့ပွဲလို့တောင် ထင်မှတ်ကြသေးတာပါ။ အခုတော့ ပက်ချွန်းပူကို နောက်ထပ်မြန်မာဖိုက်တာတစ်ယောက်နဲ့ ပွဲတည်ပေးလိုက်ပါပြီ။ ထွန်းမင်းနိုင် ပွဲထိုးရမယ့် ဒီဇင်ဘာလ ၈ ရက်နေ့ Lumpinee Championship ပြိုင်ပွဲမှာ ပက်ချွန်းပူရဲ့ ပွဲစဉ် ပါဝင်လာမှာပါ။ ပက်ချွန်းပူ ဟာ အခုတစ်ကြိမ်မှာတော့ မြန်မာဖိုက်တာ ကာရီ ကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒီဇင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် Lumpinee Championship ပြိုင်ပွဲကြီးရဲ့ ဒုတိယပွဲစဉ်အဖြစ် ပက်ချွန်းပူနဲ့ ကာရီ တို့က အားပြိုင်ကြရမှာပါ။
Embed this episode
Ready to play
မြန်မာဖိုက်တာနဲ့ ပွဲထပ်ထိုးရတော့မယ့် ထိုင်းကရင်စပ် လေဒီဘွိုင်းအချောအလှဖိုက်တာ ပက်ချွန်းပူ
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.