EPISODE · Jun 8, 2026 · 3 MIN
May you live in an environment that fills you with value.
from ဒီနေ့အတွက်စကား · host Padamyar FM
ဆက်ဆံရေးတွေမှာ၊ နေရာတစ်ခုခုမှာ မိမိတို့ဟာကိုယ့်ဘက်က အကောင်းဆုံးရင်းနှီးမြုပ်နှံပြီး ဆက်ဆံပေမဲ့၊ အချိန်တွေရင်းပြီး ကူ ပေးခဲ့ပေမဲ့၊မျှော်လင့်ခဲ့ပေမယ့်မိမိတို့ကိုတဖက်လူတွေကမထီမဲ့မြင်လုပ်တာ၊ အရေးမထားတာ၊ အဆုံးထိပြောရရင် ဂရုမစိုက်တာမျိုး တွေကိုထပ်ခါတလဲလဲကြုံကြရလေ့ရှိပါတယ်။မသိသူတွေနဲ့ကြုံရင်ရင်ထဲသိပ်မခံစားရပေမဲ့သိတဲ့လူတွေနဲ့ဆိုရင် ပိုခံစား ရပါတယ်။ မိမိတို့နဲ့ဘယ်လိုဘဲ နှစ်ပေါင်းများစွာ အလုပ်တူတူလုပ်လာလုပ်လာ၊ကျောင်းတူတူတက်လာတဲ့ အသိမိတ်ဆွေပဲဖြစ်နေဖြစ်နေ၊ အနီး စပ်ဆုံးလူ၊အမျိုးရင်းချာတွေပဲဖြစ်နေဖြစ်နေကာလတစ်ခုရောက်သွားရင်သူစိမ်းသာသာပဲရှိတော့တယ်ဆိုတာကို သိလာရတယ်။သူတို့ ဘက်ကဘယ်လိုတွေးသလဲတော့မသိဘူး။ ကိုယ့်ဘက်က စာပို့ တာ၊ ဆက်သွယ်တာမျိုးကိုလုပ်ပေမဲ့ သူတို့ဘက်က random person လိုသဘောထားလိုက်သလိုမျိုးကိုကြုံဖူးကြမယ်ထင်ပါတယ်။ဒီလိုဖြစ်တော့တစ်ဖက် အားအပြည့်ထည့်ထားတဲ့သူက အရင် လိုအတိုင်း အခြေအနေမပျက်ကြိုးစားဆက်သွယ်ပေမဲ့ အရေးတယူလုပ်မနေတော့ ကိုယ်များ တစ်ခုခုများ မှားသွားလား၊လွဲသွား လား၊ သူတို့စိတ်တွေဘယ်လိုများဖြစ်သွားလဲ၊ အဆင်မှပြေရဲ့လား၊ အတွေးတွေ၀င်လာ ပြီးနောက်ဆုံးသိလိုက် ရတာကို ကိုယ်ဟာ သူတို့အတွက်သူစိမ်းတစ်ယောက်ပုံစံဖြစ်သွားခြင်းပါပဲ။
Embed this episode
NOW PLAYING
May you live in an environment that fills you with value.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.