EPISODE · Apr 20, 2024 · 5 MIN
မကောင်းဆိုးရွား ပူးကပ်လို့ ပြစ်မှုကြီး ကျူးလွန်မိပါတယ်ဆိုတာဟာ ဖြစ်နိုင်ပါသလား
from Dawei Watch Podcast · host Dawei Watch
The Conjuring 3 ကို ကြည့်ခဲ့ရင် ဒီ Documentary လေးကို ကြည့်စေချင်ပါတယ်။ The Conjuring 3 ဟာ ဘာတွေကို ဖျောက်ထားခဲ့သလဲ၊ အဲ့ဒီဇာတ်ကားထဲမှာ ဘာတွေ ပျောက်နေခဲ့သလဲ၊ တကယ့်လက်တွေ့မှာ ဖြစ်ပျက်ခဲ့တာက ဘယ်လိုတွေလဲဆိုတာကို သိရမှာပါ။ ပြီးရင်တော့ ကိုယ်ကိုယ်တိုင်က ဘယ်လိုတွေးသလဲလို့ အဖြေထုတ်ရပါလိမ့်မယ်။ တစ်ယောက်နဲ့တစ်ယောက်က ယူဆပုံချင်း မတူနိုင်ပါဘူး။ လူတစ်ကိုယ် အမြင်တစ်မျိုး ဖြစ်နိုင်ပါတယ်။ The Conjuring 3 ဟာ အက်ဒ်ဝါရင်းနဲ့ လော်ရိန်းဝါရင်းတို့ အပနှင်ဇနီးမောင်နှံ ပါဝင်ပတ်သက်ခဲ့တဲ့ ကမ္ဘာကျော် အမှုတစ်ခုပါပဲ။ The Conjuring: The Devil Made Me Do It ဆိုတဲ့နာမည်နဲ့ ဇာတ်ကားက ထွက်ရှိခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်မှာ ဂလက်ဇယ် မိသားစုထဲက ၈ နှစ်သားအရွယ် ကလေးလေးကို မကောင်းဆိုးဝါး ပူးကပ်ခဲ့တယ်။ ဝါရင်း ဇနီးမောင်နှံ သွားရောက်ပြီး အပနှင်ဖို့ လေ့လာတယ်။ ဒီအချိန်မှာ ကောင်လေးရဲ့မကောင်းဆိုးရွားကို မနိုင်နင်းတဲ့အထိဖြစ်လာလို့ ယောက်ဖတော်ရမယ့် အာနီ ဂျွန်ဆင်က သူ့ခန္ဓာကိုယ်ထဲဆီ လာပူးဖို့ ခေါ်ပြီး လွှဲယူလိုက်ပါတော့တယ်။ အဲ့ဒီနောက် အာနီ ဟာ လူသ-…-တ်မှု ကျူးလွန်လိုက်ပါတော့တယ်။ သူနဲ့ သူ့ကောင်မလေး ဒက်ဘီ ဂလက်ဇယ်တို့ အလုပ် အတူလုပ်နေတဲ့နေရာက အလုပ်ရှင် အလန်ဘိုနို ကို အာနီက သ..--..တ်လိုက်တာပါ။ အာနီက အလန်ဘိုနိုကို သူ ဘယ်လိုသ..--..တ်လိုက်မိမှန်း မသိပါဘူးလို့ ရဲတွေရှေ့မှာ အမှုစစ်တော့ ထွက်ဆိုခဲ့တယ်။ တရားခွင်မှာ ဒီလိုထွက်ဆိုတော့ တရားသူကြီးတွေက လက်မခံတော့ဘူး။ အဲ့ဒီမှာ ဝါရင်းဇနီးမောင်နှံက အာနီကို ပူးကပ်နေတဲ့ မကောင်းဆိုးဝါးက သ..--တ်အောင် လှုံ့ဆော်တာ၊ အာနီမှာ အပြစ်မရှိပါဘူးဆိုတဲ့ကောက်ချက်ကို အာနီဘက်က လိုက်ပေးတဲ့ တရားခံရှေ့နေကတစ်ဆင့် တင်သွင်းလိုက်ပါတော့တယ်။ ဒါဟာ အမေရိကန်ပြည်ထောင်စု၊ ကွန်နက်တီကတ်မှာ ဟိုလေးတကျော်ဖြစ်သွားခဲ့တဲ့ အမှုကြီးဖြစ်ပါတယ်။ ဒါကို တကယ့်ပတ်သက်ခဲ့သူတွေနဲ့တွေ့ဆုံပြီး The Devil On Trial ဆိုတဲ့ Documentary ကို ရိုက်ကူးခဲ့တာပါ။ ဂလက်ဇဲလ်မိသားစုက ညီအစ်ကိုမောင်နှမတွေ၊ ပြစ်မှုကျူးလွန်ခဲ့သူ အာနီ၊ ခရစ်ယာန်သင်းအုပ်၊ အမှုစစ်ခဲ့တဲ့ ရဲအရာရှိ၊ အမှုလိုက်ခဲ့တဲ့ ရှေ့နေ၊ အမှုစစ်ဆေးခဲ့တဲ့ တရားသူကြီး၊ ဝါရင်းဇနီးမောင်နှံရဲ့မြေး စသဖြင့် စသဖြင့် ကဏ္ဍအသီးသီးမှာ ပါဝင်ခဲ့သူတွေကို မေးမြန်းဖြေကြားစေပြီး ဒီ Documentary ကို တည်ဆောက်ခဲ့ပါတယ်။ အရမ်းလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။
Embed this episode
Ready to play
မကောင်းဆိုးရွား ပူးကပ်လို့ ပြစ်မှုကြီး ကျူးလွန်မိပါတယ်ဆိုတာဟာ ဖြစ်နိုင်ပါသလား
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.