EPISODE · Nov 26, 2024 · 2 MIN
မန်ယူရောက်မှ ဒီရာသီမှာ လိဂ်ပွဲသရေရလဒ် ဘာလဲဆိုတာ သိခွင့်ရသွားတဲ့ အေမိုရင်
from Dawei Watch Podcast · host Dawei Watch
စပို့တင်းလစ္စဘွန်းမှာတုန်းက လိဂ်ပွဲ ၁၀ ပွဲကန်၊ ၁၀ ပွဲလုံး အနိုင်ရခဲ့တဲ့ နည်းပြ အေမိုရင် ဟာ မန်ယူကိုရောက်လာတဲ့ ပထမဆုံးပွဲမှာတင် လိဂ်ပွဲမှာ သရေကျတယ်ဆိုတာ ဒါကို ခေါ်ပါလားလို့ သိခွင့်ရသွားခဲ့ပါပြီ။ အေမိုရင် ဟာ သူ့ရဲ့နာမည်ကျော် ၃-၄-၃ ကစားကွက်နဲ့ပဲ မန်ယူကို အထိုင်ချခဲ့တာပါ။ နောက်တန်းသုံးယောက်အဖြစ် အီဗန်စ်၊ ဒီလစ်နဲ့ မာဇရာဝီတို့ကို တွဲခဲ့တာက သိပ်ပြီး အဆင်မပြေလှပါဘူး။ ကွင်းလယ်မှာ ဒါးလော့တ်၊ အဲရစ်ဆင်၊ ကတ်စ်မဲရိုးနဲ့ အာမတ်တို့ ပါဝင်လာခဲ့ပြီး တိုက်စစ်မှာတော့ ရတ်ရှ်ဖို့ဒ်၊ ဂါနာချိုနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို နည်းပြ အေမိုရင်က ထားရှိသွားခဲ့ပါတယ်။ မန်ယူဟာ အသင်းလိုက်ကစားပုံ မဆိုးခဲ့သည့်တိုင် အစမှာ ဟုတ်သလိုလို ရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တန်ဟတ်ဂ်လက်ထက်တုန်းကအတိုင်း ဖြစ်ပျက်သွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာဆိုရင် ဂိုးသမား အိုနာနာ ကောင်းလွန်းလို့ကြောင့်သာ မန်ယူက ဂိုးမပေးလိုက်ရတာပါ။ ယာယီနည်းပြ နစ္စတယ်လ်ရွိုင်း လက်ထက်က ပုံစံကောင်းတွေဟာ ဘယ်လိုပျောက်သွားလေသလဲဆိုတာ စဉ်းစားမရအောင် ဖြစ်သွားခဲ့တဲ့ပွဲပါပဲ။
Embed this episode
Ready to play
မန်ယူရောက်မှ ဒီရာသီမှာ လိဂ်ပွဲသရေရလဒ် ဘာလဲဆိုတာ သိခွင့်ရသွားတဲ့ အေမိုရင်
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.