EPISODE · Jul 13, 2026 · 3 MIN
Mutual Respect is Everything.
from ဒီနေ့အတွက်စကား · host Padamyar FM
Mutual respect ဆိုတာ ဘယ်လို ဆက်ဆံရေးမျိုးမဆို လိုတာဖြစ်လို့သမီးရည်းစားတွေကြားမှာလည်း အချင်းချင်း အပြန် အလှန်လေးစားမှုဆိုတာ ရှိသင့်ပါတယ်။မတူကွဲပြားမှုတွေကို လက်ခံပေးခြင်းက Mutual Respect ရှိတာပါ။လူတိုင်းက တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး၊ သီချင်းတစ်ပုဒ်ကို ကိုယ်က ကြိုက်ပေမယ့်သူ့အကြိုက်ဟုတ်ချင်မှ ဟုတ်မှာဖြစ် သလို သူကြိုက်တဲ့ဇာတ်ကားကိုကိုယ်ကြိုက်ဖို့ဆိုတာကလည်း မလွယ်ပါဘူး။ ဒါက ဥပမာပါ၊ ဘဝမှာ ဒီထက်ပိုပြီး အမြင်မတူ စရာကိစ္စတွေလည်း ဒုနဲ့ဒေးပါ။ Mutual respect ရှိတယ်ဆိုတာ ဒီလို အမြင်မတူတာတွေ၊မတူကွဲပြားမှုတွေကို လက်သင့်ခံပေးတာလည်းပါပါတယ်၊ အဲ့ဒီလို မှမဟုတ်ဘဲငါကြိုက်တာကမှအကောင်း၊ ငါ့အမြင်ကမှအမှန်၊ တစ်ဖက်လူကိုငါလုပ်သလိုလုပ်ရမယ်၊ငါကြိုက်တာတွေပဲလိုက်ကြိုက် ရမယ်၊ မကြိုက်ရင် မချစ်လို့ဆိုပြီးတစ်ကိုယ်ကောင်းဆန်နေရင်တော့ ဒီဆက်ဆံရေးက ရေရှည်တည်တံ့သွားဖို့ မလွယ်ပါဘူး။
Embed this episode
NOW PLAYING
Mutual Respect is Everything.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.