Never Forget To Say No To The Things You Don’t Like To Do.  episode artwork

EPISODE · May 20, 2026 · 3 MIN

Never Forget To Say No To The Things You Don’t Like To Do.

from ဒီနေ့အတွက်စကား · host Padamyar FM

အားနာလွန်းလို့ ဆိုပြီး တခါတရံမှာ ကိုယ်ကငြင်းဆိုလိုက်ရင် (သို့) တစ်ခုခုကို သဘောမတူလိုက်ရင် တခြားသူ တစ်ယောက် နာကျင်ခံစားသွားမှာ၊ အထင် လွဲသွားမှာ၊ အဆင်မပြေဖြစ်သွားမှာ၊ ဝမ်းနည်းသွားမှာ၊ရှက်သွားမှာ စသဖြင့် တစ်ပါးသူ ခံစားချက်နဲ့ အခြေအနေတွေကို ငဲ့ညှာတွေးပေးရင်း “လိုအပ်သောစည်းဘောင်များ” နဲ့ “မိမိရဲ့ သဘောဆန္ဒထုတ်ဖော်ပြသမှုများ” အပေါ် တွန့်ဆုတ်မှုတွေ၊ ဦးစားပေးဖို့ခက်ခဲတာတွေ ရင်ဆိုင်ရတတ် ပါတယ်။အပြုသဘောအားဖြင့်ကြည့်လျှင် အားနာမှုဆိုတဲ့အရာကို စိတ်ခံစားချက် နူးညံ့သူတွေ၊တစ်ဖက်လူကို အလေးပေး ဂရုစိုက်တတ်သူတွေမှာ တွေ့ရတတ်ပါတယ်။ကျွန်တော်တို့တော်တော်များများဟာ ကိုယ်ဂရုစိုက်တဲ့သူ၊ ချစ်ခင်သူ တွေကိုမေတ္တာပေးချင်တာ၊ ချစ်ခြင်းနဲ့ဆက်ဆံချင်တာ၊ ဦးစားပေးချင်တာက သဘာဝကျပါတယ်။ ဒါပေမယ့်တစ်ဖက်လူတိုင်းအပေါ် ကြည့်ပေးတတ်တဲ့စိတ်များသွားရင်းနဲ့ပဲ “ငြင်းဆန်မှု တွေကိုဝန်လေးခြင်း” က အလေ့အထ အဖြစ်နေရာယူသွားတဲ့အခါ ကိုယ်ရဲ့ အဆင်ပြေခြင်း၊ သက်တောင့်သက်သာဖြစ်ခြင်း၊စိတ်ခံစားမှုလွတ်လပ်ခြင်း တွေကိုပါ စတေးမိရင်း “အားနာမှု” ခေါင်းစဉ်အောက်မှာ ကိုယ့်ကိုကိုယ်ကျေနပ်စရာမဖြစ်တဲ့ အခြေ အနေတွေကိုရင်ဆိုင်လာရတတ်ပါတယ်။ ဒီကနေပဲ မပျော်ရွှင်နိုင်ခြင်းတွေ၊ စိတ်ပင်ပန်းမှုတွေ၊ခံစားမှုအဆင်မပြေခြင်း  တွေကိုရရှိလာကြပါတယ်။   

Episode metadata supplied by the publisher feed · Published May 20, 2026

Embed this episode

NOW PLAYING

Never Forget To Say No To The Things You Don’t Like To Do.

0:00 3:00

No transcript for this episode yet

We transcribe on demand. Request one and we'll notify you when it's ready — usually under 10 minutes.

No similar episodes found.

No similar podcasts found.

Frequently Asked Questions

How long is this episode of ဒီနေ့အတွက်စကား?

This episode is 3 minutes long.

When was this ဒီနေ့အတွက်စကား episode published?

This episode was published on May 20, 2026.

Can I download this ဒီနေ့အတွက်စကား episode?

Yes. Use the download control on the episode player to save the publisher-provided media file.
URL copied to clipboard!