EPISODE · Apr 11, 2026 · 2 MIN
No.10_မတတ်နိုင်တော့တဲ့နေ့မှာ ပွင့်ဟဝန်ခံလိုက်
from "ခွန်အားဖြည့်မယ့် နှုတ်ကပတ်တော်"
"မတတ်နိုင်တော့တဲ့နေ့မှာ ပွင့်ဟဝန်ခံလိုက်ပါ"ဝေမျှသူ - July Moeမင်္ဂလာပါရှင်။ ဒီနေ့မှာတော့ ကျွန်မတိုရဲ့ 'ရိုးသားမှု' အကြောင်းလေး ပြောချင်ပါတယ်။ ကျွန်မတို ခရစ်ယာန်တွေဟာ တစ်ခါတလေကျရင် အမြဲတမ်း 'သန်မာဖို' ဖြစ်နေရမယ်၊ အမြဲတမ်း ပြုံးနေရမယ်လို ကိုယ့်ကိုယ်ကိုယ် ဖိအားပေးတတ်ကြတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ အမြဲတမ်း တောင့်ခံထားရတာ ပင်ပန်းပါတယ်။၂ ကောရိန္သု ၁၂:၉ မှာ 'ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်' လို ဆိုထားပါတယ်။ ဒါဟာ ဘာကို ဆိုလိုတာလဲဆိုတော့... ကျွန်မတို 'မရတော့ဘူး' လို ဝန်ခံလိုက်တဲ့အချိန်မှာ ဘုရားသခင်ရဲ့ လက်တော်က စတင်အလုပ်လုပ်တာကို ပြောတာပါ။ဒီနေ့မှာ သိပ်ပြီး မတတ်နိုင်ချင်တော့ဘူး၊ မတောင့်ခံချင်တော့ဘူးဆိုရင်... ဘုရားသခင်ရှေ့မှာ ရိုးရိုးလေးပဲ ဝန်ခံလိုက်ပါ။ 'အဖဘုရား... ကျွန်မ တကယ်ကို မနိုင်တော့ပါဘူး၊ ကိုယ်တော်ပဲ ကူညီပေးပါ' လို ပြောလိုက်ပါ။ အဲဒီလို ဝန်ခံလိုက်တဲ့အခါမှသာ စစ်မှန်တဲ့ ငြိမ်သက်ခြင်းက သင့်နှလုံးသားထဲကို စီးဝင်လာမှာပါ။"Connect with us:Facebook: https://www.facebook.com/WOHmyanmar YouTube: https://www.youtube.com/Email: wohhopeforyouth#gmail.comSupport this Ministry: If this message blessed you, please share it with your friends and family. Your support helps us spread God's Word further.Listen on: Apple Podcasts | Spreaker Podcast | Google Podcasts | YouTube Podcast | Facebook Page.
Embed this episode
NOW PLAYING
No.10_မတတ်နိုင်တော့တဲ့နေ့မှာ ပွင့်ဟဝန်ခံလိုက်
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.