EPISODE · Apr 18, 2026 · 2 MIN
No.11_ဒုက္ခတွေကြားကသင်ခန်းစာ
from "ခွန်အားဖြည့်မယ့် နှုတ်ကပတ်တော်"
"ဒုက္ခတွေကြားက သင်ခန်းစာ"တင်ဆက်သူ - July Moeမင်္ဂလာပါရှင်။ ဒီနေ့မှာတော့ ကျွန်မတို ကြုံတွေ့နေရတဲ့ အခက်အခဲတွေရဲ့ နောက်ကွယ်က ရည်ရွယ်ချက်လေးတစ်ခုအကြောင်း စဉ်းစားကြည့်ရအောင်။ 'Bad Day' တွေက ကျွန်မတိုကို နာကျင်စေဖိုတင် မဟုတ်ဘဲ တစ်ခုခု သင်ပေးဖို ရောက်လာတာဆိုရင်ကော?ကျွန်မတိုက အရာရာ အဆင်ပြေနေတဲ့အချိန်မှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တယ်လို ထင်ပြီး မာနကြီးတတ်ကြပါတယ်။ ဒါပေမဲ့ အဆင်မပြေမှုတွေ ကြုံလာရတဲ့အခါမှာတော့... တခြားသူတွေရဲ့ နာကျင်မှုကို ပိုပြီး နားလည်ပေးတတ်လာတယ်။ ပိုပြီး သနားကြင်နာတတ်လာတယ်။ဒီနေ့ သင်ကြုံနေရတဲ့ အခက်အခဲက သင့်နှလုံးသားကို ပိုပြီး 'နူးညံ့' စေဖို ပြုပြင်ပေးနေတာပါ။ နောင်တစ်ချိန်မှာ သင်နဲ့တူတဲ့ အခက်အခဲကြုံနေရသူတွေကို 'ကျွန်မလည်း ကြုံဖူးတယ်၊ အားတင်းထားပါ' လို ခွန်အားပြန်ပေးနိုင်ဖို ဘုရားသခင်က သင့်ကို ပြင်ဆင်ပေးနေတာလည်း ဖြစ်နိုင်ပါတယ်။“ငါတိုသည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ကိုယ်တိုင် သက်သာခြင်းရှိသကဲ့သို၊ ဆင်းရဲခြင်း အမျိုးမျိုးကို ခံရသောသူတိုအား သက်သာစေနိုင်မည်အကြောင်း၊ ဆင်းရဲခြင်းအမျိုးမျိုးတို၌ ဘုရားသခင်သည် ငါတိုအား သက်သာစေတော်မူ၏။-” ၂ ကောရိန္သု ၁:၄Connect with us:Facebook: https://www.facebook.com/WOHmyanmar YouTube: https://www.youtube.com/Email: wohhopeforyouth#gmail.comSupport this Ministry: If this message blessed you, please share it with your friends and family. Your support helps us spread God's Word further.Listen on: Apple Podcasts | Spreaker Podcast | Google Podcasts | YouTube Podcast | Facebook Page.
Embed this episode
NOW PLAYING
No.11_ဒုက္ခတွေကြားကသင်ခန်းစာ
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.