EPISODE · Jun 6, 2026 · 2 MIN
No.18 အားနည်းချိန်မှာ ရရှိတဲ့ ခွန်အား
from "ခွန်အားဖြည့်မယ့် နှုတ်ကပတ်တော်"
"အားနည်းချိန်မှာ ရရှိတဲ့ ခွန်အား" (ဝေမျှသူ - July Moe)သမ္မာကျမ်းချက် - ဟေရှာယ ၄၀:၃၁“ထာ ဝ ရ ဘု ရား ကို မျှော် လင့် သော သူ တို့ မူ ကား၊ အား ပြည့် ကြ လိမ့် မည်။ ရွှေ လင်း တ ကဲ့ သို့ မိ မိ တို့ အ တောင် ကို အ သစ် ပြု ပြင် ကြ လိမ့် မည်။ ပြေး သော် လည်း မ ပင် ပန်း၊ ခ ရီး သွား သော အ ခါ မ မော ရ ကြ။” တစ်ခါတလေ ကျွန်မတို့ဘဝမှာ ရှေ့ဆက်ဖို့ ခွန်အားတွေ ကုန်ခမ်းနေပြီလို့ ခံစားရတဲ့ အချိန်တွေ ရှိပါတယ်။ စိတ်ဓာတ်ကျတာ၊ လူပင်ပန်းတာတွေက ကျွန်မတို့ကို နောက်ဆုတ်သွားစေချင်ပါတယ်။ ဒါပေမဲ့ အံ့သြဖို့ကောင်းတာက ကျွန်မတို့ ကိုယ့်ခွန်အားနဲ့ကိုယ် ကြိုးစားနေသရွေ့တော့ ပင်ပန်းနေဦးမှာပါပဲ။ ဒီနေ့ နှုတ်ကပတ်တော်က ခွန်အားအသစ်ရဖို့ 'ဘုရားသခင်ကို မျှော်လင့်ဖို့' အကြံပြုထားပါတယ်။ ရွှေလင်းတဟာ မုန်တိုင်းလာရင် အကြောက်အလန့်မရှိဘဲ လေအဟုန်ကို စီးပြီး အမြင့်ဆုံးကို ပျံတက်နိုင်သလိုမျိုး၊ ကျွန်မတို့လည်း ဘုရားသခင်ကို အားကိုးရင် လောကရဲ့ မုန်တိုင်းတွေကြားမှာ အားသစ်ကို ရရှိမှာပါ။ ဒီနေ့မှာ ပင်ပန်းနေတယ်ဆိုရင် ခဏလောက် ငြိမ်သက်ပြီး ကိုယ်တော့်ဆီက ခွန်အားကို တောင်းခံကြည့်လိုက်ကြရအောင်နော်။"Connect with us:Facebook: https://www.facebook.com/WOHmyanmar YouTube: https://www.youtube.com/Email: wohhopeforyouth#gmail.comSupport this Ministry: If this message blessed you, please share it with your friends and family. Your support helps us spread God's Word further.Listen on: Apple Podcasts | Spreaker Podcast | Google Podcasts | YouTube Podcast | Facebook Page.
Embed this episode
NOW PLAYING
No.18 အားနည်းချိန်မှာ ရရှိတဲ့ ခွန်အား
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.