EPISODE · Sep 5, 2025 · 3 MIN
Nobody Can’t Stay In Comfort Zone To Improve From A Middle-Class Life.
from ဒီနေ့အတွက်စကား · host Padamyar FM
ဒီနေ့အတွက်စကားကတော့ လူလတ်တန်းစားတွေအတွက်ပါ။ လူလတ်တန်းစားဆိုကတည်း ငွေဆိုတာ မရှားပေမယ့် ပေါလည်း မပေါတဲ့အခြေအနေပါ။ ဒီတော့ ကိုယ်က လူလတ်တန်းစားဆိုတဲ့အခြေအနေကနေ ပိုပြီးအဆင်ပြေတဲ့ ချမ်းသာကြွယ်ဝတဲ့ ပြောရရင် ငွေပေါတဲ့အခြေအနေတစ်ခုကိုရောက်ချင်ရင် ဒီအတိုင်းနေနေလို့မရပါဘူး။ ရင်းနှီးမြုပ်နှံမှုနဲ့ စီးပွားရေးအတွက် စွန့်စား မှုတစ်ခုခုကို လုပ်ရပါမယ်။ ဒါပေမယ့် ဘာကိုပဲလုပ်လုပ် သေချာလေ့လာပြီးမှလုပ်ပါ။ ဘာဆိုဘာမှ သေချာမသိနားမလည်ဘဲ သူများအောင်မြင် တာ သူများလုပ်တာကို လိုက်လုပ်မယ်လို့ တွေးနေမိရင် ရပ်တန်းက ရပ်လိုက်ပါ။ မမေးမြန်းမစုံစမ်းဘဲ လုပ်မိတာမျိုးကြောင့် ချမ်းသာရေးလမ်းကြောင်းကနေ နည်းနည်းစီ ဝေးသွားတတ်ပါတယ်။ စီးပွားရေးကြီးပွားရေးကိစ္စတစ်ခုခုနဲ့ ပတ်သက်ပြီး ကိုယ်က အပေါ်ယံသိရုံလောက်ပဲဆိုရင် မိမိပိုင်ဆိုင်တာ ရဲ့ ၅% ထက်ပိုပြီး မပုံအောသင့်ပါဘူး။ စိတ်ရှည်ပါ။ လူလတ်တန်းစားတွေအတွက် ငွေဆိုတာမရှားပါဘူး။ ဒါပေမဲ့ လောဘကလည်း ကြီးတတ်ပါတယ်။ ကောင်းတဲ့ နေရာ မှာ ဆင်ခြင်ဥာဏ်နဲ့ လောဘကြီးရင် ချမ်းသာနိုင်ပါတယ်။ သို့ပေမဲ့ ပထမအချက်လိုမျိုးပဲ သေချာမလေ့လာဘဲ ဖြတ်လမ်း မလိုက် စေချင်ပါဘူး။
Embed this episode
NOW PLAYING
Nobody Can’t Stay In Comfort Zone To Improve From A Middle-Class Life.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.