EPISODE · Sep 3, 2025 · 3 MIN
Only By Living In The True Way Make You Feel Happiess.
from ဒီနေ့အတွက်စကား · host Padamyar FM
မိမိကိုယ်ကိုနားလည်ခြင်း။ တနည်းအားဖြင့် ကိုယ့်အကြောင်းကိုယ်သိခြင်းဟာ လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးအတွက် အရေးကြီးပါတယ်။ ယှဉ်ပြိုင်မှုတွေများလွန်းလှတဲ့ ယနေ့ခေတ်မှာ မိမိကိုယ်ကို ပြန်လည်သုံးသပ်ဖို့ အချိနိမရှိဖြစ်နေကြရပါ တယ်။ တကယ်တော့ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းဟာ အပြုသဘောဆောင်တဲ့ ပြောင်းလဲခြင်းတွေအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ မိမိကိုယ်ကိုယ် မလိမ်ညာပါနဲ့။ သင့်ကိုယ်သင် ဘယ်တော့မှမလိမ်မိပါစေနဲ့။ သင့်ကိုယ်သင် လိမ်ညာခြင်းက အမှန်တရားနဲ့ ကင်းကွာ စေပြီး အခြေအနေတစ်ခုကို ပိုမိုရှုပ်ထွေးစေပါတယ်။ ဘယ်ကိစ္စမဆို အရှိအတိုင်း ရင်ဆိုင်ပါ။ အားသာချက်၊ အားနည်းချက်တွေကို သိပါစေ။ ကိုယ်တိုင်ရဲ့အားနည်းချက်၊ အားသာချက်တွေကို သေချာမသိဘူးဆိုရင် ဘဝမှာ အောင်မြင်မှုကိုရနိုင်မှာမဟုတ်ပါဘူး။ အောင်မြင်သူတိုင်းဟာ သူတို့ရဲ့ အားနည်းချက်၊ အားသာချက်တွေကို သိကြပါတယ်။ သင့်ရဲ့ လူမှုရေး၊ အလုပ်အကိုင်စတာတွေနဲ့ ပတ်သက်ပြီး ဘယ်နေရာတွေမှာ ဘယ်လိုအားနည်းချက်တွေရှိလဲဆိုတာ သိအောင်ကြိုးစားပြီး တိုးတက်ကောင်းမွန်လာအောင် ပြင်ဆင်ပါ။ အားသာချက်တွေကို အသုံးချပြီး အခွင့်အလမ်းသစ်တွေကို ရယူနိုင်အောင် ကြိုးစားပါ။ သင်နဲ့ပတ်သက်ပြီး အခြားသူ တွေရဲ့ ချီးကျူးတဲ့အချက်တွေကို ထိန်းသိမ်းပါ။ ဝေဖန်ပြစ်တင်တဲ့အချက်တွေကို ပြင်ဆင်ပါ။
Embed this episode
NOW PLAYING
Only By Living In The True Way Make You Feel Happiess.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.