EPISODE · Jan 24, 2026 · 3 MIN
Our emotions fluctuate like the waves of the sea.
from ဒီနေ့အတွက်စကား · host Padamyar FM
ပျော်ရွှင်မှု ဝမ်းနည်းမှု၊ အဆင်ပြေမှု မပြေမှုနဲ့ အကောင်းအဆိုး တစ်လှည့်စီ ဖြတ်သန်းကြုံဆုံနေရ တဲ့ ဘဝဟာ ဘာနဲ့တူလဲဆိုရင်ပင်လင်ရေလှိုင်းတစ်ခုလိုပဲတဲ့။ ကိုယ်တွေကတော့ ဒီလို နိမ့်ချီ မြင့် ချီ ၊အင်နဲ့အားနဲ့ရိုက်ခတ်နေတဲ့ ရေလှိုင်းပေါ်မှာ အလိုက်သင့် လိုက်ပါစီးမျောနေတဲ့လှိုင်းစီးသူ တွေလိုပဲပေါ့။ တစ်ခါတစ်လေ လှိုင်းငယ်လေးတွေနဲ့ပဲတွေ့ကြုံနိုင်သလိုတစ်ခါတစ်လေ ကျတော့လည်း အရှိန် ပြင်းတဲ့လှိုင်းတွေကြောင့် နစ်မြုပ်သွားရတာအခါခါပေါ့။ ဒီ လောကဓံနဲ့တူတဲ့ ရေလှိုင်းတွေရဲ့ ရိုက်ခတ်မှုကိုကိုယ့်ဆီရောက်မလာအောင် ထိန်းချုပ်လို့ မရသလို၊ ရပ်တန့်အောင်လည်း လုပ်လို့မရနိုင်ဘူး။ သဘာဝအတိုင်း ဖြစ်တည်နေတာကို။ လက်တွေ့ဘဝမှာလည်း ဒီအတိုင်းပါပဲ။ ကိုယ့် controlအောက်မှာရှိမနေပဲ ကြုံဆုံနေရတဲ့ အခြေအနေအရပ်ရပ်ကြောင့် သက်ရောက် မှုရှိလာတဲ့ကျွန်တော်တို့ရဲ့စိတ်ခံစားချက်တွေဟာလည်း ပင်လယ် ရေလှိုင်းလိုပဲ အတက်အကျတွေဆိုတာအများကြီးပေါ့။ ပျော်ရွှင် အဆင်ပြေတဲ့အခြေအနေတွေ ကြုံသလိုနာကျင်ပင်ပန်းမှုတွေဆိုတာလည်း တပွေ့တပိုက်နဲ့ပေါ့။ ဒီလို နိမ့်ချီမြင့်ချီဖြစ်နေတဲ့ရေလှိုင်း တွေအပေါ် ဘယ်လို surf လုပ်ရမှန်းမသိသေးသရွေ့ကတော့ရေလှိုင်းတွေက ကိုယ့်ကို ဝါးမြိုနေဦးမှာပဲ။ နစ်မြုပ်နေဦးမှာပဲ။ စိတ်ပိုင်း ဆိုင်ရာမှာလည်းထို့အတူပါပဲ။ ကြုံလာရတဲ့ အဆင်မပြေမှုတွေအပေါ် ဘယ်လို ကိုင်တွယ် ထိန်းသိမ်းရမလဲမသိသေးသရွေ့တော့ ဒါတွေဟာ ကိုယ့်ကို နှောက်ယှက်နေဦးမှာပဲ။ နာကျင်စေ ဦးမှာပဲ။ပင်ပန်း စေဦးမှာပဲ။ ဒါပေမယ့်ကောင်းကောင်း balance လုပ်နိုင်ပြီး ကျွမ်းကျင်လာတဲ့ တစ်နေ့ ဘယ်လိုအဆင်မပြေမှုမျိုးကမှ ဒုက္ခ ပေးနိုင်တော့မှာ မဟုတ်တော့ပါဘူး။
Embed this episode
NOW PLAYING
Our emotions fluctuate like the waves of the sea.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.