EPISODE · Feb 3, 2026 · 3 MIN
People get what they deserve.
from ဒီနေ့အတွက်စကား · host Padamyar FM
သတ္တိကောင်းဖို့ ဇွဲရှိဖို့လိုတယ်။ လူအများစုမအောင်မြင်ရတဲ့အကြောင်းအရင်းက ကောက်ရိုးမီး ဖြစ်နေလို့ဘဲ။ ဆိုလိုတာက စစချင်း မှာ ဖြစ်ချင်တာ အောင်မြင်ချင်တာ နှစ်ယောက်မရှိဘူး။ဒါပေမယ့် အချိန်တခုလည်းကြာလာ ကော မဖြစ်နိုင်တော့ပါဘူးကွာဆိုပြီး တပ်ခေါက် နောက်ဆုတ်ပြေးကြပြီ။ဒီလိုနဲ့ပဲ အောင်မြင်မှုအိပ်မက်ဆိုတာက ရွှေပြည်တော်မျှော်တိုင်းဝေးဖြစ်ကြပါတယ်။ ဖြစ်ချင်တဲ့အိမ်မက်ကကြီးရင် အချိန်တခုယူပြီး အပြင်းအထန်ကြိုးစားရမယ်၊ပေးဆပ်ရတာတွေရှိမယ်။ လူဆိုတာ ကိုယ်နဲ့ ထိုက်တန် တာဘဲ ရတာဖြစ်တယ်။ ဉာဏ်မကောင်းဘူးဆိုရင်တောင်ဘဝမှာ အောင်မြင်မှုရဖို့ အခွင့်အရေးက အတူတူပါပဲ။ အရေးကြီးတာက ကျွန်တော်တို့ဟာကိုယ့်အခြေအနေကိုသိဖို့လိုပါတယ်။သူများလောက် ဉာဏ်မကောင်းဘူး၊ ကျောင်းမှာကတည်းက သူများလောက်စာမတော်ဘူး။ အဆင့်မရဘူးဆိုရင် ကျွန်တော်တို့ ဘာလုပ်ကြမလဲ? ဝီရိယများများစိုက်ထုတ်ပြီး ကြိုးစားကြရမယ်။ အလုပ်ကို သူများထက် ပိုလုပ်ကြရမယ်၊ သူများထက် ပိုလေ့လာသင်ယူရမယ်။ သူများမထသေးတဲ့ အချိန်တွေမှာထပြီးသူများထက် နောက်ကျမှ အိပ်ရာဝင်ရမယ်။
Embed this episode
NOW PLAYING
People get what they deserve.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.