EPISODE · Nov 12, 2025 · 3 MIN
Perfectionism Is The Main Enermy of Happiness.
from ဒီနေ့အတွက်စကား · host Padamyar FM
လောကမှာ မချမ်းသာချင်တဲ့သူ၊ မအောင်မြင်ချင်တဲ့သူ ရှိချင်ရှိမယ်။ဒါပေမဲ့ မပျော်ချင်တဲ့သူဆိုတာ မရှိဘူး။ သူများနဲ့ နည်းတူ မပျော်နိုင်ဘူးဆိုရင်တော့ကိုယ့်တစ်ကိုယ်ရည် စိတ်ထဲမှာတော့ စိတ်ချမ်းမြေ့ချင်ကြတာ လူ့သဘာဝပဲ။ လူ့ဘဝမှာပျော်ရွှင်မှု ဆိုတာ အရေးအကြီးဆုံး အခန်းကဏ္ဍထဲမှာ ပါပါတယ်။ လူအားလုံးကလည်းပျော်ရွှင်ဖိုပဲ အလုပ်လုပ်နေကြတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ပျော်ရွှင်မှုဆိုတာဟာတစ်ဖက်သူဆီမှာ သွားရှာဖွေရမယ့် ပျော်ရွှင်မှု မဖြစ်သင့်ပါဘူး။ ပျော်ရွှင်မှု ဆိုတာကိုယ့်ကိုယ် ကိုယ်မှာပဲ ရှိတာမျိုးပါ။လူအများစုကကိုယ်ပျော်ရွှင်ရင်ပြီးရော တစ်ဖက်လူ ဘာဖြစ်ဖြစ် ဂရုမစိုက်ဘူးဆိုပြီးပျော်တတ်ကြတယ်။ တကယ်တော့ အဲ့လို ပျော်ရွှင်မှုမျိုးကလည်း ပျော်ရွှင်မှုအစစ်မဟုတ်ပါဘူး။ နောက်ပြီး လူတစ်ယောက်ပျော်ရွှင်ဖိုအတွက်ဆိုရင် ဘယ် အတိုင်း အတာထိရောက်မှ ပျော်ရွှင်ရမယ် ဆိုတာမျိုးလည်း မရှိပါဘူး။ တစ်ခုခုစားရလို့ စိတ်ကျေနပ်သွားတာ၊ တစ်ခုခု သွားရလို့ စိတ် ချမ်းသာသွားတာ၊ တစ်ခုခုလုပ်လိုက်လို့ပီတိဖြစ်သွားတာဟာ ပျော်ရွှင်မှုပဲ ဖြစ်ပါတယ်။ အရာအားလုံး ပြီးပြည့်စုံသွားမှပျော်ရွှင်ရမယ်ဆိုရင် ဘယ်တော့မှ ပျော်ရွှင်ရမှာ မဟုတ်တော့ဘူး။
Embed this episode
NOW PLAYING
Perfectionism Is The Main Enermy of Happiness.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.