EPISODE · Oct 23, 2025 · 3 MIN
Practice will add up to noticeable results over time.
from ဒီနေ့အတွက်စကား · host Padamyar FM
ဘဝမှာ တိုးတက်အောင်မြင်ဖို့အတွက် ကြိုးစားဖို့ လိုသလို အလေ့အကျင့်ကောင်းတွေကလည်း လိုအပ်ပါတယ်။ အလေ့အကျင့် တွေဟာ အချိန်ကြာလာတာနဲ့အမျှ သိသာထင်ရှားတဲ့ ရလဒ်အဖြစ် ပေါင်းထည့်ပေးပါလိမ့်မယ်။ ဒါကြောင့် အလေ့အကျင့် ကောင်း တွေနဲ့ ပြုမူနေထိုင်မှုတွေကအောင်မြင်မှုနဲ့ ဘဝ ပန်းတိုင်ဆီသို့ အရောက်ပို့ပေးပါမယ်လို့ ဆိုလိုချင်ပါတယ်။ မနက်ပိုင်းကို အလေးထားတဲ့ အကျင့်ကို မွေးမြူပါ။ အခြေခံအကျဆုံးနဲ့အရေးကြီးဆုံး အလေ့အကျင့်ကောင်းကို ပြောပါဆိုလျှင် မနက်စောစော ထပြီး မနက်ပိုင်းလုပ်ဆောင်စရာများကို အလေးထားတာပါပဲ။ မနက်ခင်းကို သင့်လျော်သော အချိန်နိုးထပါ။ ကောင်း စွာ စတင်သော နံနက်ခင်းက စိတ်ခံစားချက်၊ ထုတ်လုပ်မှုနဲ့တီထွင်ဖန်တီးနိုင်မှု စွမ်းအားကိုမြှင့်တင်ပေးမယ့် ခံစားချက်ကိုသတ်မှတ် ပေးနိုင်ပါတယ်။အောင်မြင်သူတော်တော်များများက မနက်ပိုင်းကို စောစောထလေ့ရှိပြီး မနက်ပိုင်း အလေ့အထ များကိုအလေး ထား လုပ်ဆောင်ကြပါတယ်။ မနက်ပိုင်း စောစောထခြင်းက ကျန်းမာရေးဆိုင်ရာကိုလည်းအထောက်အကူပြု စေပါတယ်။
Embed this episode
NOW PLAYING
Practice will add up to noticeable results over time.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.