EPISODE · Jan 26, 2026 · 3 MIN
Realistic goals help you reach your goals faster.
from ဒီနေ့အတွက်စကား · host Padamyar FM
ဘဝမှာ အောင်မြင်ချင်တယ်ဆိုရင် ပန်းတိုင်များချမှတ်ထားဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ပန်းတိုင် ချမှတ်ထားရုံ တစ်ခုတည်း နဲ့တော့ အောင်မြင်မှုကို သေချာပေါက်ရရှိပိုင်ဆိုင်လိမ့်မယ်လို့တော့ အာမ မခံနိုင်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ပန်းတိုင်ချမှတ်ထားခြင်း ဆိုတာ အောင်မြင်မှုကို အကောင်အထည်ဖော်နိုင်မယ့်ပထမခြေလှမ်းတစ်ခုသာဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ် ချမှတ်ထားတဲ့ ပန်းတိုင် ဟာ လက်တွေ့ကျတဲ့ ပန်းတိုင် တစ်ခုဖြစ်ဖို့ လိုအပ်ပါတယ်။ လက်တွေ့ ကျတဲ့ ပန်းတိုင် ဆိုတာ ဘယ်လိုမျိုးလဲ။ လက်တွေ့ကျတဲ့ ပန်းတိုင်တွေက ရည်မှန်းချက် ပန်းတိုင်တွေဆီ မြန်မြန် ရောက်ရှိအောင်ကူညီပေးပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင်၊ ငါ လုပ်နိုင်ပါလား၊ ငါ မရရအောင် လုပ်မယ်ဆိုတဲ့ စိတ် ဓာတ်ခွန်အားမျိုးကို ပေးစွမ်းပါတယ်။ စိတ်ကူးယဥ်ဆန်တဲ့ပန်းတိုင်တွေကတော့ စိတ်ကူးယဥ်ရုံသပ်သပ်ပဲဖြစ်ပြီး အိပ်မက် တွေကိုအကောင်အထည်ဖော်တဲ့နေရာမှာ ဘာအကူအညီမှ မဖြစ်စေပါဘူး။ လက်တွေ့ကျတဲ့ပန်းတိုင်တွေကတော့ လိုချင်တဲ့ အရာတွေကို အလွယ်လေး ရယူနိုင်အောင် ကူညီပေးပါတယ်။
Embed this episode
NOW PLAYING
Realistic goals help you reach your goals faster.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.