EPISODE · Jun 18, 2026 · 3 MIN
Review your past relationship. You have to carefully reflect on what lessons You have learned from this.
from ဒီနေ့အတွက်စကား · host Padamyar FM
မမျှော်လင့်ပဲ Relationship တစ်ခုရပ်တန့်သွားတာဟာ ဘဝမှာ အရမ်းကို ဆိုးဝါးပြီး နာကျင်မှုတွေ ခံစားကြရတဲ့အချိန်အခါလို့ ပြောလို့ ရသလို ဘဝမှာ တကယ့်ကို စိန်ခေါ်မှု Challenge တွေနဲ့ ပြည့်နှက်နေတဲ့ အချိန်အခါတွေလို့ ပြောရင်လဲ မမှားပါဘူး။ ဒါပေမဲ့ဒီအတွေ့အကြုံကနေ ကိုယ့်ကိုယ်ကို ပြန်လည် ရှာဖွေ Self-Discovery လုပ်ဖို့အချိန်ကောင်း တစ်ခုလို့ ပြောလို့တော့ရပါတယ်။ ကိုယ့်ရဲ့ ပြီးခဲ့တဲ့ Relationship နဲ့ ပတ်သက်ပြီး ပြန်လည် သုံးသပ်ပါ။ ဒီထဲက ကိုယ် ဘာတွေသင်ခန်းစာ ရခဲ့လဲ, ဘာတွေ Learned လုပ်ခဲ့ရလဲ ဆိုတာသေသေချာချာ Reflect လုပ်ရမှာပဲ ဖြစ်ပါတယ်။ Reflect လုပ်တဲ့ အခါ ကိုယ် အသုံးမကျလို့ ဖြစ်ရတာ, ကိုယ့်မှာအားနည်းချက်တွေရှိလို့ ဖြစ်ရတာ, ကိုယ့် အမှားတွေကြောင့် ဖြစ်ရတာ ဆိုပြီး တစ်ဖက်သတ်ကိုယ့်ကိုယ်ကို အပြစ်တင်တဲ့ ပုံစံမျိုးတွေ မတွေးပါနဲ့။ ကိုယ့်ကိုယ်ကိုခွင့်လွှတ်ပေးဖို့ လိုအပ်သလို တစ်ဖက်လူကိုလဲ ခွင့်လွှတ်ပေးလိုက်ပါ။ ကိုယ့်မှာ ပြုပြင်စရာမကောင်းတဲ့ အကျင့်တွေ ရှိတယ် ဆိုရင်တော့ ပြင်ဆင်ဖို့ လိုအပ်ပါ လိမ့်မယ်။ ဒါ့အပြင် ကိုယ့်ကို Physically, Mentally,Emotionally အားဖြင့် အကူအညီ အထောက်အပံ့ Support လုပ်ပေးနိုင် မည့် လူတွေနဲ့ ဝန်းရံထားနိုင်ဖို့လဲ အရေးကြီးပါတယ်။
Embed this episode
NOW PLAYING
Review your past relationship. You have to carefully reflect on what lessons You have learned from this.
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.